http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

5 Jun 2012

ဇွန် ၅ ရက် မှ စပြီး ၂၄ နာရီ မီး အပြည့် ရ မည်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhledZU6cVjTXeI7uk1BN1sS3Q9RGFeTNkpcMLgsUfFHTsYI613_C78WNWpIRsyPxVZ1OqBxwoflz0mGyfwNqMQA0lnlzuTuObX8DNBj6i6Zaxury6AUaxgiTA-amgRj0QAV3fQTN5Si4M/s1600/564874_10150797207276330_566691329_9945492_1958619555_n.jpg


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇွန်လ(၅) ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးကို အပြည့်အဝပေးတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး   အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ရန်ကုန်တိုင်း(မ်)ဂျာနယ် သို့ပြောကြားသည်။

ယင်းအပြင် စက်မှုဇုန်များကိုလည်း တစ်နေ့လျှင် ၅ နာရီ အလှည့်ကျ စနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

    " ဇွန်လ ၅ ရက်နေ့ (ယနေ့) ကစပြီးတော့ ရန်ကုန်မြို့ကို လျှပ်စစ်ဓာတ်အား ၂၄ နာရီ အပြည့်ပေးတော့ မှာပါ ရွှေလီ ရေအားလျှပ်စစ်ကရတဲ့ ဓာတ်အားလည်း အပြည့်အ၀ပြန်ရနေပါပြီ အဲ့ဒါကြောင့် ယခင်အတိုင်း ပုံမှန် အပြည့်အ၀ပေး သွားမှာ ပါ  " ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။

ရန်ကုန်မြို့သို့ ဓာတ်အားပို့လွှတ်သည့် ရွှေလီ-မန်စံ ဓာတ်အားလိုင်းကို KIA လက်နက်ကိုင် အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲဖျက်စီးမှုကြောင့် ၁၉-၅-၂၀၁၂ ခုနှစ် ၀၂း၄၇ နာရီ အချိန်တွင် ပျက်စီးယိုယွင်းခဲ့သော ၂၃၀ KV ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း တာဝါတိုင် အမှတ် (၇၃၊၂၀၆၊၂၀၇၊၂၀၈)တို့ကို ပြန်လည်ပြုပြင် သည့်လုပ်ငန်း များမှာ ၁-၆-၂၀၁၂ (၁၆းဝဝ) နာရီ အချိန်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီး ဖြစ်သောကြောင့်   မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဓာတ်အားများကို ယခင်အတိုင်း ပိုမိုဖြန့်ဖြူး လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များကိုလည်း အုပ်စု(၂)အုပ်စုအနက် ၀၆းဝ၀ နာရီမှ ၁၁းဝ၀ နာရီအထိ တွင် အုပ်စုတစ်စုကို လည်းကောင်း ၊ ၁၁းဝ၀ နာရီမှ ၁၆းဝ၀ နာရီ အထိတွင် အုပ်စုတစ်စုကိုလည်းကောင်း အလှည့်ကျ ဓာတ်အား ပေးမည် ဖြစ်ပြီး  ၂၃းဝ၀ နာရီမှ  နောက်တစ်နေ့ ၀၅းဝ၀ နာရီ အထိတွင် အုပ်စု(၂)စုလုံးကို ဓာတ်အား  ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း  သိရသည်။ 
www.thithtoolwin.com/2012/06/blog-post_9383.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif