http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Jun 2012

ဦး သန့် အတ္ထုပ္ပတ္တိ မှတ် တမ်း ရိုက် ကူး ရန် စီ စဉ် လျက် ရှိ

စာရေး ဆရာကြီးဦးနု ကွယ်လွန်ခြင်း ၁၇ နှစ်ပြည့် အထိမ်း အမှတ် လှူဒါန်းပွဲကို
ကုလသမဂ္ဂ အတွင်းရေးမှူး ဖြစ်ခဲ့တဲ့ ကွယ်လွန်သူ ဦးသန့်ရဲ့သမီး ဒေါ်အေးအေးသန့်လည်း ခင်ပွန်းဖြစ်သူ ပရော်ဖက်ဆာဦးတင်မြင့်နဲ့ အတူ တက်ရောက်ခဲ့ပါတယ်။ အမေရိကားနိုင်ငံမှာ နေထိုင်ရာက ယခုအခါ မြန်မာပြည်သို့ အလည်ရောက်ရှိလာပြီး ဂရင်းမီးရထားဟိုတယ်မှာ တည်းတယ်လို့ သိရပါတယ်။
ဦးသန့်ရေးခဲ့သော စာအုပ်များထဲမှ လူငယ်များအတွက် စာအုပ်တစ်အုပ်ထွက်နိုင်ရန် စီစဉ်နေ တယ်လို့ ပြောနေကြ တာမို့ မေးတဲ့အခါ ဒေါ်အေးအေးသန့်နဲ့ အခုလို ဖြေကြားပေးပါတယ်။ “ဒယ်ဒီ့ကို ခုခေတ်ကလေးတွေ မျိုးဆက်သစ်တွေ သိပ်မသိကြတော့ဘူး။ အဲဒီအတွက် ဒယ်ဒီရေးခဲ့တဲ့ စာတွေဟာ ကလေးတွေ စာဖတ်ကာစ အရွယ်မှာ သိသင့် တာလေးတွေကို စိတ်ဝင် စားစေမယ့် ပုံစံနဲ့ စာအုပ်တစ်အုပ် ထွက်ချင်တာပါ။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာကို ပန်းချီကားလေးတွေနဲ့ ထွက်ချင်ပါတယ်။ ဒယ်ဒီဘယ်မှာ မွေးခဲ့တယ်။ ဘာတွေလုပ်ခဲ့တယ် စသဖြင့်ပေါ့။
အဓိကသိစေချင်တာက ဒယ်ဒီလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး အကြောင်းပါပဲ။ ပြီးတော့ ဒယ်ဒီပြောခဲ့တဲ့ စကားတွေထဲက ကလေးတွေ မှတ်သားသင့်တဲ့ စကားလေးတွေလည်း ပါမယ်။ အဲဒါကို တစ်ယောက်ယောက်က ရေးမယ်။ အဲဒါကိုမမက ဖတ်ပြီး လိုအပ်တာတွေ တည်းဖြတ်ပါမယ်။ အမှန်တော့ ကိုယ်တိုင်ရေးချင်တာ။ အချိန်မရလို့ မရေးဖြစ်တာပါ။ ဒါပေမယ့် မြန်မာလိုရေးလာရင် မမက အင်္ဂလိပ်လို ပြန်ပေးမယ်။ အင်္ဂလိပ်လို ရေးလာရင်လည်း မြန်မာလို ပြန်ပေးမယ်ပေါ့။ အဲဒီလိုလေး ဖြစ်ချင်ပါတယ်” လို့ ရှင်းပြတဲ့အခါ ဆရာတက္ကသိုလ်စိန်တင်က သူလုပ်ပေးမယ်ပြောပြီး ဆရာခွန်ဂျာမှိုင်းက ထုတ်ပေးမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဦးသန့်အတ္ထုပ္ပတ္တိကို မှတ်တမ်းရိုက်ကူးဖို့ ဒါရိုက်တာဝိုင်းနဲ့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဒေါ်အေးအေးသန့်က ဆက်ပြောတာက ရွှေတိဂုံဘုရားလမ်းမှာရှိတဲ့ ဖခင်ဦးသန့်ရဲ့ ဂူဗိမ္မာန်ကိုလည်း ရှင်းလင်းထားတဲ့အကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း လာခဲ့စဉ်ကလည်း ဖခင်ဂူဗိမ္မာန်သို့ ဂါရဝပြုခဲ့ကြောင်း၊ ဖခင်ပြောခဲ့သော စကားများမှ မှတ်သားသင့်သည်များကို ဂူဗိမ္မာန်အတွင်း ကမ္ဗည်းထိုးဖို့လည်း စီစဉ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဖခင်ရေးခဲ့သော “ဦးသန့်စာ” အပြင် “ကျောင်းတွင်း ဒီမိုကရေစီ” စာအုပ်နှင့် ကုလသမဂ္ဂတွင် ပြောခဲ့သော စကားများကိုလည်း စာအုပ်အဖြစ် ထုတ်လိုပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒေါ်အေးအေးသန့်က မြန်မာပြည်ကို ရောက်နေတာ ၃၊ ၄ လ ရှိပါပြီ။ နောက်တစ်လခန့် နေပြီးရင် အမေရိကားသို့ ပြန်မည်ဟု သိရပါတယ်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif