http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Jun 2012

ရ ခိုင် ပြည် နယ် ယေ န့ နောက် ဆုံး ရ သ တင်း


ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့တွင် ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ မြို့ခံ ရပ်မိရပ်ဖများ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်သော အရေးပေါ်အစည်းအဝေး ပြုလုပ်လျက်ရှိကြောင်း ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီဝင် တစ်ဦးက အတည်ပြုပြောကြားသည်။
ထပ်မံသိရှိရသော သတင်းများအရ မောင်တောမြို့နယ်တွင် ဘင်္ဂါလီလူမျိုးများ၏အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရခိုင် အမျိုးသား တစ်ဦး သေဆုံး၍ လေးဦးခန့် ဒါဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးခဲ့သူ အမျိုးသားမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး၊ ထိခိုက် ဒါဏ်ရာရသူများတွင် ဆရာဝန်တစ်ဦးပါဝင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
နောက်ဆုံးရရှိသော သတင်းများအရ မောင်တော မြို့ပေါ်တွင် မူလတန်းကျောင်း စာသင်ကျောင်း ငါးကျောင်း ဖျက်ဆီးခံရကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့ပေါ်တွင် အခြေအနေ ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်သော်လည်း ကျေးရွာများတွင်မူ ပဋိပက္ခများ ဖြစ်ပွားလျက် ရှိသည်ဟု ကြားသိရကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်း ချက်များ အရ သိရသည်။ ယနေ့ ညနေလေးနာရီခန့် အချိန်တွင် ရရှိသော သတင်းများအရ ဗိုလ်မှူးရွာရှိ နေအိမ် ၁၀ လုံး နှင့် သဇင်တည်းခိုခန်း မီးရှို့ခံရပြီး ယူနိုက်တက် တည်းခိုခန်း အနီးရှိ ဆိုင်ခန်းများ ဖျက်ဆီးခံရကြောင်း ဒေသခံများထံ မေးမြန်းချက်များအရ သိရသည်။ 
www.yoyarlay.com/local-news/local-news/upper-local-news/26972-2012-06-08-11-05-45

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif