http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Jun 2012

ဒေါ်ေ အာင် ဆန်း စုကြည် ၏ ၁၈ ရက် ကြာ ဥေ ရာ ပ ခ ရီး စဉ် စ တင်

Myanmar
မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ၁၈ ရက် ကြာ ဥရောပ ခရီးစဉ် ကိုယနေ့ 
စတင် လိုက် ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ခရီးစဉ် မှာ လွှတ်တော် အမတ် တစ်ဦး ဖြစ်တဲ့
ကို ဖြိုးဇေယျာသော် ၊ ဦးခွန်သာမြင့် နဲ့  ဒေါက်တာ တင်မာ ထွေး တို့ လိုက် ပါသွားတယ် လို့  NLD က
သတင်း ထုတ် ပြန်ထား ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့  အဖွဲ့  ဟာ ဒီနေ့  မနက် မှာ ထိုင်း လေကြောင်း လိုင်း ခရီးစဉ် နဲ့  ရန်ကုန်
နိုင်ငံ တကာ လေဆိပ် က ထွက် ခွာ ပြီး ထိုင်း နိုင်င မှာ လေယာဉ် တစ်ဆင့် ပြောင်း စီးကာ ဆွစ်ဇာလန်
နိုင်ငံ ဂျနီဗာ မြို့  ကို ရောက် ရှိ မှာ ဖြစ်ပါတယ်။
ဇွန်လ  ၁၅ ရက်နေ့ မှာ နော်ဝေ နိုင်ငံ ကို ရောက် ရှိ မှာ ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ မှာ နော်ဝေ နိုင်ငံ အော်
စလို  မြို့  မှာ နိုဘဲလ် ငြိမ်းချမ်း ရေး ဆု ကို တက် ရောက် လက္ခံ ရယူ မှာ ဖြစ်ပါတယ်။
ဇွန်လ ၁၈ ရက်နေ့ မှာ အိုင်ယာလန် နဲ့  ဗြိတိန် နိုင်ငံ တွေ ကို ရောက်ရှိ မှာ ဖြစ် ပြီး ဇွန်လ ၂၀ ရက်နေ့ 
မှာ သူမ ပညာရင်နို့ သောက်စို့  ခဲ့ တဲ့ တဲ့ အောက်စဖိုဒ် တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် ဘွဲ့  ကို တက်ရောက်
လက္ခံ ရယူမှာ ဖြစ်ပါတယ်။
ဇွန်လ ၂၁ ရက် နေ့  မှာ ဗြိတိသျှ အထက် လွှတ်တော် နှစ် ရပ် ပေါင်း မှာ မိန့် ခွန်း ပြောကြား မှာ ဖြစ် ပြီး
ဇွန်လ ၂၅ ရက်နေ့ မှာ ပြင် သစ် နိုင်ငံ ကို ရောက် ရှိ မှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဥရောပ ခရီးစဉ် အတွက် သက်ဆိုင်ရာ နိုင်ငံ တွေ မှာ ရှိ တဲ့ မြန်မာ နိုင်ငံ သား
တွေ က လည်း ကြို တင် ပြင် ဆင် မှု တွေ လုပ် နေတယ် လို့  နော်ဝေ နိုင်ငံ မှာ ရောက် ရှိ နေတဲ့ မြန်မာ
နိုင်ငံ သား တစ်ဦး က ပြောပါတယ်။
ဒေါ်အောာင်ဆန်းစုကြည် ဟာ ၂၂ နှစ် အတွင်း ပထမ ဦးဆုံး သော အနောက် နိုင်ငံ ခရီးစဉ် ဖြစ် ပြီး သူ့ 
ရဲ့  မွေး နေ့  ကို ဗြိတိန် နိုင်ငံ မှာ ကျင်း ပမှာ ဖြစ်ပါတယ်။
ဗြိတိသျှ ၀န်ကြီးချုပ် က မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ကို ဗြိတိန် နိုင်ငံ သို့  လာရောက် လည် ပတ်ရန်
အတွက် ယနေ့  ဖိတ် ခေါ် ကမ်းလှမ်း မှု ပြု ခဲ့ သည်။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif