~
ရခိုင်ပြည်နယ်အတွင်း နေရာအများအပြားမှာ မငြိမ်မသက်မှုတွေကို ထိန်းချုပ်နိုင်ပြီ ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ ရသေ့တောင်မြို့နယ်မှာ ပဋိပက္ခ ဖြစ်ပွားပြီး ၃ ဦး သေဆုံးတယ် လို့ ဒီကနေ့ AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။
အစိုးရအရာရှိတဦးကို ကိုးကားပြီး ရေးထားတာပါ။ သေဆုံးသူ အရေအတွက်က ဒီထက် ပိုဖွယ်ရာရှိတယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။
ဧရာဝတီက ရရှိတဲ့ သတင်းတွေအရ ရသေ့တောင်မှာ သေဆုံးသူ အရေအတွက် ၁၂ ဦး ရှိပါတယ်။
ဒီအကြောင်းသတင်းကို ဧရာဝတီ ပင်မစာမျက်နှာမှာ မကြာခင် ဖတ်ရှုနိုင်မှာပါ။

blog.irrawaddy.org/2012/06/blog-post_2644.html
0 comments:
Post a Comment