http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

8 Jun 2012

ရခိုင်ပြည်တွင်း အ ဓိ က ရုဏ်း များ အေ ပၚ ယူေ က ရွိ အ ဖွဲ့အ စည်း အ သီး သီး ၏ သေ ဘာ ထား ထု တ်ပြန် ချက်



မိမိတို့တိုင်းပြည်သည် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံတော်ကြီးဖြစ်၍ နှစ်ပေါင်းများစွာ အေးအတူပူအမျှ ယှဉ်တွဲနေထိုင်လာကြသည်။
ရန်းဗြဲကျွှန်း မုဒိမ်းမှုသည်လည်းကောင်း တောင်ကုတ် လူသတ်ပွဲသည်လည်းကောင်း လူမဆန်သော ရာဇဝတ်မှုများဖြစ်သဖြင့် ပြင်းထန်စွာ ရှုံ့ချသည်။
ထိုဖြစ်ရပ်များသည် ယနေ့ကဲ့သို့ နိုင်ငံတော်သမ္မတကြီးနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ညှိနှိုင်းပြီး မိမိတို့တိုင်းပြည်နှင့်လူမျိုးအတွက် အမှန်တကယ်လိုအပ်နေသော ဒီမိုကရေစီ လမ်းကြောင်းသို့ ဦးတည်ချီတက်နေချိန်တွင် မလိုလားအပ်သော နိုင်ငံရေးလှည့်ကွက်များဖြစ်ပေါ်လျှက် နောက်ကြောင်းပြန်လှည့်နိုင်စရာ ဖြစ်ရပ်များအဖြစ် လွန်စွာစိုးရိမ် ပူပန်မိကြသည်။
ထိုဖြစ်ရပ်များသည် လူမျိုးရေး ဘာသာရေးနှင့် မသက်ဆိုင်ဘဲ အလွန်လက်မခံနိုင်သော ရာဇဝတ်မှုများသာ ဖြစ်သည့်အလျှောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်မြန်ဆန်စွာ အရေးယူဖြေရှင်းပေးပါရန် အာဏာပိုင်အဖွဲ့အစည်းအား လေးနက်စွာတိုက်တွန်းပါသည်။
လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်မကြီးထွားလာစေရန် နိုင်ငံရေး လူမှုရေး ဘာသာရေး နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် တစ်ဖက်နှင့်တစ်ဖက် နားလည်မှုများ ရရှိလာစေရန် အထူးကြီးကြပ်စီမံ၍ အရေးတယူဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
ပါဝင်သောအဖွဲ့ အစည်းများ
International Burmese Monks Organization
NLD LA,UK
Women of Burma, UK
Burma Democratic Concern
Chin Community, UK
Kachin Nation Organization
Karenni Community
Burmese Democratic Movement Association
Oversea Shan Association
Arakan Rohingya National Organization
Burmese Rohingya Organization, UK
Burmese Muslim Association 
www.burmacampaignjapan.co.cc/2012/06/blog-post_8501.html#/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif