http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 Jun 2012

ကော့ေ သာင်း တွင် မိုး သည်း ထန် စွာ ရွာ ကျေး ရွာ လေး ရွာေ ရမြုပ်

ကော့သောင်းတွင်မိုးသည်းထန်စွာရွာကျေးရွာလေးရွာရေမြုပ်
မြန်မာနိုင်ငံတောင်ပိုင်း ဆုံးမြို့ရှိ တနင်္လာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် အတွင်း မေလအတွင်းမှ စတင်ကာ မိုးသည်းထန်စွာရွာ သွန်းပြီးချောင်းရေ လျှံ မှုကြောင့် ဇွန်လ ၃ရက်နေ့တွင် ကျေးရွာလေးရွာကျော် ရေနစ်မြုပ်ပြီး လူနေအိမ်များ မျောပါသွားခြင်း များဖြစ်ပေါ်နေကြောင်း ယင်းဒေသခံများ The Voice Weekly သို့ပြောကြားသည်။
ကော့သောင်းမြို.နယ် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ပါချန်မြစ်ရေတက် မှုကြောင့် လုံးဖောကြီးချောင်းရေလျှံကာ ဇွန်လ ၃ ရက်နေ့မှ စတင်ကာ ချောင်းကမ်းနား တစ်လျှောက်၌ ရှိသော လုံဖောကျေးရွာ၊ ဖော့ဆို့ ကျေးရွာ ၊အေးချမ်းသာရွာ၊ ဆိတ်ဖူးကျေးရွာ တို့မှာရေနှစ်မြုပ်လျှက် ရှိကြောင်းရေနှစ် မြုပ်ခြင်းဖြစ် ပေါ်နေသော ကျေးရွာများသို့ ခရိုင် အုပ်ချုပ်ရေးမှုး ၊မြို.နယ် အုပ်ချုပ်ရေးမှုး ၊ကျေးရွာ အုပ်ချုပ်ရေးမှုး တို့နှင့် အတူနိုင်ငံရေး ပါတီများက ကယ်ဆယ်ရေး လုပ်ငန်း များ၊နေရွာရွေ.ပြောင်းရေး လုပ်ငန်းများ ကိုဆောင်ရွက်ခြင်းများပြုလုပ်ပေးလျှက်ရှိ သည်ဟုဒေ သခံများ ကပြော သည်။ ၅ရက်ခန့် အတွင်းနေ.စဉ် ရက်ဆက် မိုးအဆတ် မပြတ်ရွာသွန်း မှုကြောင့်ချောင်းရေမြင့် တက်လာကာ လုံးဖောကျေးရွာ ကမ်းနားဘေးရှိ အိမ်ခြေ၁၀လုံးခန် .ရေတိုက်စား ခံရပြီးမျောပါ သွားကြောင်းရေဘေး အန္တရာယ်ကြုံတွေ.နေရသော ဒေသခံ များအားရေကြီးနှစ်မြုပ်မှု ကင်းလွတ်ရာနေရာ များသို့ရွေ့ပြောင်းနေရာ ချထားပေးနေ ရကြောင်း ယင်းဒေသခံ တစ်ဦးဖြစ်သူ ဦးမြင့်မောင် က ဆိုသည်။ 
www.yoyarlay.com/index.php/local-news/local-news/l-local-news/26894-2012-06-07-07-11-12

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif