http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 Jun 2012

ခြ စား မှု မ တိုက် ဖျက် လျှင် ထပ် မံ ဆန္ဒပြ မည် ဟု ယောဂီဂုရု ဘာ ဘာ ရာ မာ ဒက် သ တိေ ပး

ခြစားမှု မတိုက်ဖျက်လျှင် ထပ်မံ ဆန္ဒပြမည်ဟု ယောဂီဂုရုဘာဘာရာမာဒက် သတိပေး
အိန္ဒိယ နိုင်ငံတွင် အကျင့်ပျက် ခြစားမှုမျး တစ်နှစ်ထက် တစ်နှစ် တိုးပွား လာနေမှုအား အစိုးရမှ တိုက်ဖျက်ရန် ထပ်မံ နှောင့်နှေး နေခဲ့ပါက ဩဂုတ်လ အတွင်းတွင် ထပ်မံ ဆန္ဒပြရမည်ဟု အိန္ဒိယ ယောဂီဂုရု ဘာဘာ ရာမာဒက်က ထုတ်ဖော် သတိပေး လိုက်သည်။
အကျင့်ပျက် ဝန်ထမ်းများက နိုင်ငံရပ်ခြား ဘဏ်များတွင် အပ် နှံထားသော ငွေအမေရိကန် ဒေါ် လာသန်း ၅၀ဝ ခန့် ရှိသည်ဟု သတင်းမီဒီယာများက ရေးသားဖော် ပြကြပြီး အစိုးရအနေဖြင့် အဆိုပါ ငွေကြေးအား ပြည်သူထံ ပြန်ပေး အပ်ရန် ပျက်ကွက်ခဲ့ပါက ၄င်းနှင့် အန်နာဟဇာရီ တို့ ပူးပေါင်း ၍ အစာ ငတ်ခံ ဆန္ဒပြ သွားမည်ဟု ၄င်းက ဆိုသည်။ ဘာဘာရာမာဒက်သည် အန် နာ ဟာဇာရီနှင့် ဇွန်လ ၃ ရက် က တွေ့ဆုံခဲ့ပြီး ခြစားမှု တိုက် ဖျက်ရေး၊ တရားမဝင် ငွေကြေး ပြဿနာ များနှင့် ပြင်းထန်သည့် ခြ စားမှုတိုက်ဖျက်ရေး ဥပဒေများ အကြောင်း ဆွေးနွေးခဲ့ကြသည်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရန် ပြင်းထန်သည့် ဥပဒေတစ်ရပ် ချမှတ်ရန် စည်းရုံးလှုံ့ဆော်ထားသူ မစ္စတာ ဟာဇာရီက ဝန်ကြီး ၁၄ ပါး၏ အကျင့်ပျက်ခြစားမှုအား အစိုးရမှ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ပျက်ကွက်ခဲ့ပါက ဩဂုတ်လအတွင်း ဆန္ဒပြမည်ဟု ကြိုတင်သတင်း ထုတ်ပြန်ထားသည်။ ခြစားမှု တိုက်ဖျက်ရေးဥပဒေ အား အောက်လွှတ်တော်မှ အတည်ပြုပြီး ဖြစ်သော်လည်း အထက် လွှတ်တော်တွင် အတည် ပြုရန်ကြန့်ကြာနေသည်ဟုသိရသည်။ အိန္ဒိယဝန်ကြီးချုပ် မန်ပိုဟန် ဆင်းကလည်းထိုဥပဒေအတည်ပြုရန် တွန်းအားပေးဖို့တိုက်တွန်းထားသည်။
“ပုဂ္ဂိုလ်ရေးအရ ခင်ဗျားတစ် ယောက်တည်း ရိုးသားနေရုံနဲ့ မလုံ လောက်ပါဘူး။ နိုင်ငံရေးအရ ရိုး သားမှု ရှိဖို့လည်း လိုအပ်ပါတယ်” ဟု ဘာဘရာ မာဒက်က ဆိုသည်။ ဘာဘရာ မာဒက်သည်ယမန် နှစ်ဇွန်လကလည်း အကျင့်ပျက်ခြ စားမှုအား ဆန့်ကျင်ရန် ၉ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့သည့် နိုင်ငံတွင်း ၄င်းအားထောက် ခံသူအများအပြား ရှိပြီး ၄င်း၏ နေ့စဉ်ရုပ်သံအစီအစဉ် အားပရိတ်သတ်ပေါင်းများစွာ ကြည့် ရှုကြသည်။ 
www.yoyarlay.com/index.php/international/international-news/asia/26895-2012-06-07-07-17-14

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif