http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

7 Jun 2012

စ စ်ဘေး သ င့်ပြည် သူေ တွ အ တွက် ရန် ပုံ ငွေ ပွဲ လုပ် ဦး မယ့် နောေ နာ်

စစ်ဘေးသင့်ပြည်သူတွေ အတွက် ရန်ပုံငွေပွဲ လုပ်ဦးမယ့် နောနော်
နောနော်က မေလ ၂၄ ရက်နေ့မှာ မေမြို့ကို ရန်ပုံငွေ ဖျော်ဖြေပွဲ အနေနဲ့ ထွက်ခွာ သွားခဲ့ပြီး အဲဒီမှာ ၃ ရက်လောက်ကြာခဲ့ပါ တယ်။ မိုးတွင်း ရာသီဖြစ်လာ ပြီဖြစ် တာကြောင့် ရှိုးပွဲတွေ မှာကော မိုးနဲ့ပတ်သက်တဲ့ အမှတ်တ ရတွေရှိသေး လား ဆို တော့ နောနော်က”ရှိတယ်။
နယ်ရှိုးတစ်ခုမှာပါ။ ကိုယ်တို့ကစမယ်လုပ်လိုက် မိုးကရွာလိုက်၊ စမယ် လုပ် လိုက် မိုးကရွာလိုက်ဆိုတော့ မဆိုတော့ဘူး ဆိုပြီးလုပ်လိုက်ရော မိုးကမရွာတော့ဘူး။ အခု နောက်ပိုင်းတော့ မိုးတွင်းတွေမှာဆိုလည်း ရှိုး တွေလုပ်ကြတာပဲ။ မိုးတွင်းမှာ ကျတော့ အရင် ရာသီတွေထက်ပိုပြီးဂရုစိုက်ရတယ်။ ဖျားနာမှာ လည်းကြောက် ရတော့ ဆေးတွေဘာတွေလည်း ကြိုသောက်ရတာပေါ့” လို့် ကပြောပါတယ်။
နောနော်က စစ်ဘေးဒဏ်သင့်ပြည်သူ ကလေးသူငယ်များအတွက် ရန်ပုံငွေ အနေနဲ့ ဖျော်ဖြေပွဲတစ်ခုကိုပြုလုပ်ဖို့လည်း စဉ်းစား ထားပါသေးတယ်။ “မိုးတွင်းဆိုတော့ စစ်ဘေး ဒဏ်သ င့်ကလေးတွေအနေနဲ့ နေဖို့၊စားဖို့ ဒုက္ခ ရောက်ကြ မှာစိုးလို့ အဲဒီရန်ပုံငွေ အတွက် ဖျော် ဖြေပွဲလုပ်ဖို့ စီစဉ်နေတယ် ။လောလော ဆယ်တော့ ဘယ်သူတွေ ပါမလဲ ဆိုတာ မပြော တတ် သေးဘူး။ နောက်လလောက် ရန်ကုန်မှာပဲလုပ်ဖြစ်မှာပါ” လို့ပြောပါ တယ်။ နောနော်က ရှိုးတွေဆက်တိုက်ဆိုဖြစ်နေ ပေမယ့် အခွေဘက်ကို လည်း အာရုံစိုက်ပြီး လုပ်ဖြစ်နေပါတယ်။ သူ့အခွေကMixingဆွဲတဲ့ အပိုင်း ကိုရောက်ရှိနေ ပါပြီ။ နာမည်တွေ ကတော့ ရွေးတုန်းပဲ လို့သိရပြီး ကြော်ငြာတွေလည်း ထပ်မံ ရိုက်ကူးဖို့လက်ခံထား တာတော့ မရှိသေးဘူးလို့ သိရပါတယ်။ 
www.yoyarlay.com/index.php/entertainment/entertainment/music/26908-2012-06-07-08-30-40

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif