http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 Jun 2012

ဆက်သွယ်ေ ရး ခက် ခဲေ သာ စာ စစ် ဌာ န များ မှ အောင် စာ ရင်း များ ကို မြန် မာ့ အ သံ မှ ကြေ ညာေ ပး မည်

ဆက်သွယ်ရေး ခက်ခဲသော စာစစ်ဌာန များမှ အောင်စာရင်းများကို မြန်မာ့အသံမှ ကြေညာပေးမည်
၂၀၁၂ ခုနှစ် မတ်လ အတွင်းက ကျင်းပ စစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း များ အနက် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော တိုင်းဒေသ ကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာန များမှ အောင်မြင်ကြ သူများ ၏ အောင်စာရင်းကို နေပြည်တော် မြန်မာ့အသံမှ အသံ လွှင့်ကြေ ညာပေး မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် မတ်လအတွင်းက ကျင်းပ စစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့ ဇွန်(၉)ရက် (စနေနေ့) နံနက် ၆နာရီတွင် ထုတ်ပြန် ကြေညာလိုက်ကြောင်း၊ အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများ၌ တစ်ချိန်တည်း ကပ်ထား ကြောင်း သိရှိရသည်။ ထို့အပြင် အင်းစိန်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်ဃန်းကျွန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင်လည်း ရန်ကုန်တိုင်း ဒေသကြီးမှ အပ အခြား တိုင်းဒေသကြီး/ ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားပေးကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့က သတင်းထုတ်ပြန်ထား သည်။ 
www.yoyarlay.com/local-news/local-news/l-local-news/26979-2012-06-09-06-23-45

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif