ကမ္ဘာ့ဘဏ်က အဖွဲ့နဲ့ သမ္မတကြီးတွေ့တဲ့ သတင်းတပုဒ်ပါ။
ကြည့်ရတာ ပိုက်ဆံတွေ ချေးလို့ ရတော့မယ်ထင်ပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေအများကြီး လုပ်ရအုံးမှာပါ။ အခုထက်ထိ သူများဆီက ငွေချေးတာနဲ့ စီးပွားရေး ပိတ်ဆို့တာကို ပြန်ရုတ်သိမ်း သွားအောင် ပြောနေတာတွေကိုပဲ ခေါင်းဆောင် အလုပ်လို ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေပါ။
သမ္မတကြီးက တကယ့် စိတ်ရင်းစေတနာရင်းခံတွေနဲ့ ကမ္ဘာ့ဘဏ်က ကိုယ်စားလှယ်တွေကို ကြိုဆိုဧည့်ခံ ခဲ့ပါတယ်။ သမ္မတကြီး လုပ်သမျှတွေ အရာထင်ဖို့တော့ လုပ်စရာတွေ အများကြီးကျန်နေ ပါသေးတယ်။
လောကကြီးကို၊ သို့မဟုတ် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲချင်တဲ့ သမ္မတကြီး ပထမဆုံး လုပ်ရမယ့် အလုပ် ကတော့ မိမိရဲ့ အစိုးရ အဖွဲ့ကို ပြုပြင်ပြောင်းလဲရမှာပါ။
မိမိရဲ့ ပြင်ပတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနိုင်ပေမယ့် မိမိကိုယ်တွင်း ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေး တဲ့ အတွက် အားလုံးက အားမလို အားမရဖြစ်နေရတာပါ။
ဒါဆိုရင်တော့ တိုင်းပြည်အကျိုးအတွက် ငွေထုပ်ကြီးက သမ္မတကြီး ရှေ့ကို ရောက်လာမှာ သေချာပါတယ်။

blog.irrawaddy.org/2012/07/blog-post_9529.html

Kuala Lumpur Time

0 comments:
Post a Comment