~
ပါတီဥက္ကဋ္ဌတာဝန်ကိုပဲ ယူထားတာပါ၊ ပါတီလုပ်ငန်း ပါဝင်ဆောင်ရွက်တာ မဟုတ်ပါဘူး တဲ့။
ဒီမနက် ပါတီညီလာခံတက်သူတွေကို သွားရောက်နုတ်ဆက်နေတဲ့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် (ဓာတ်ပုံများ - ကောင်းညီဟန်/ဧရာဝတီ)
သမ္မတဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လို့ မရဘူး။ သို့သော်လည်း နိုင်ငံတကာလိုပဲ - ပါတီဥက္ကဋ္ဌနေရာမှာ ဆက်ရှိနေပါမယ် တဲ့။ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီကို ပြောပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ သမ္မတဦးသိန်းစိန်က နိုင်ငံရေး ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လို့ မရဘူး။
သို့သော်လည်းပဲ နိုင်ငံတကာမှာလည်းပဲ ရှိပါတယ်။ ဥက္ကဋ္ဌတာဝန်ပေးထားတယ်။ သူ့တာဝန်ကိုတော့ ကျန်တဲ့သူက တွဲလုပ်ရမှာပေါ့။ သူမှ မလုပ်နိုင်တာပဲ။
ပါတီဥက္ကဋ္ဌနေရာမှာ သမ္မတကြီးဦးသိန်းစိန် ဆက်ရှိနေမှာပါ"
အင်တာဗျူးအပြည့်အစုံကို - http://burma.irrawaddy.org/archives/22847 မှာ ဖတ်ရှုနိုင်ပါပြီ။
`နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်းယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ´
အခြေခံဥပဒေ ပုဒ်မ (၆၄)
ပါတီဥက္ကဋ္ဌတာဝန်ကိုပဲ ယူထားတာပါ၊ ပါတီလုပ်ငန်း ပါဝင်ဆောင်ရွက်တာ မဟုတ်ပါဘူး တဲ့။
0 comments:
Post a Comment