-
ဒီနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု ဘယ်သူရမယ်ဆိုတာကို ခန့်မှန်းနေကြချိန်မှာ ဆုရနိုင်ချေရှိသူတွေထဲ သမ္မတဦးသိန်းစိန်လည်း ပါဝင်နေတယ်လို့ AFP သတင်းတပုဒ်က ဆိုပါတယ်။
ဦးသိန်းစိန်ရဲ့ တနှစ်ကျော်ကြာ သမ္မတသက်တမ်းအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်တွေထဲမှာ လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ် စကားပြောပြီး လွှတ်တော်ထဲရောက်အောင် စီစဉ်ပေးတာတွေက အထင်ကရ အချက်တွေပါ။
အငြင်းပွားဖွယ် မြစ်ဆုံရေကာတာ စီမံကိန်း၊ ရခိုင်ဒေသ ပဋိပက္ခတို့နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ပြောဆိုချက်တွေကြောင့် မြန်မာပြည်တွင်းမှာ သူ့ကို ထောက်ခံသူ အများအပြား ပေါ်ပေါက်နေပါတယ်။
နိုင်ငံတကာမှာ ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေသူတွေ အများအပြား ရှိပါတယ်။ အဲဒီထဲက တယောက်ကို ဒီနှစ်အတွက် ငြိမ်းချမ်းရေးဆု ပေးအပ်ဖို့ နိုဗဲလ်ဆု ကော်မတီက အပြီးသတ် ရွေးချယ် ဆုံးဖြတ်တော့မှာပါ။
သူတို့ရွေးချယ်လိုက်တဲ့သူဟာ ဦးသိန်းစိန်လည်း ဖြစ်နိုင်သလို တခြား ငြိမ်းချမ်းရေးဖော်ဆောင်နေသူတဦးလည်း ဖြစ်နိုင်ပါတယ်။
ဧရာဝတီဘလော့ စာဖတ်သူများကရော ဘယ်လို ထင်ပါသလဲ။
သမ္မတဦးသိန်းစိန် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရသင့်သလား ဆိုပြီး ဒီဘလော့မှာ စစ်တမ်းတခု ကောက်ယူနေပါတယ်။ လတ်တလော ရရှိတဲ့ သဘောထားတွေက ဒီလိုပါ -
ဒီ စစ်တမ်းကို ၃ ရက်ကြာ ကောက်ယူမှာ ဖြစ်ပါတယ်။ View Results ကို နှိပ်ပြီး စစ်တမ်းရလဒ် နောက်ဆုံးအခြေအနေကို ကြည့်ရှုနိုင်ပါတယ်။
0 comments:
Post a Comment