http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 Jan 2013

ခရိုနီငွေများ နယ်စပ်ကျောင်းကိုသွား







မကြာသေးခင်က ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ကျင်းပတဲ့ NLD ရဲ့ ပညာရေးကွန်ရက် ၂ နှစ်ပြည့် ရန်ပုံငွေပွဲတော်မှာ  ခရိုနီတွေရဲ့ ဧရာမကုမ္ပဏီကြီးများက သိန်းပေါင်း ရာထောင်ချီ လှူဒါန်းခဲ့ပါတယ်။
လှူဒါန်းမှုကြီးများ
ဦးကျော်ဝင်းရဲ့ ရွှေသံလွင် / Sky Net ရုပ်သံ - သိန်း ၁,၃၅ဝ
ဦးတေဇရဲ့  ထူးကုမ္ပဏီ - သိန်း ၇ဝဝ
အခုတော့  NLD ရဲ့ ပညာရေးကွန်ရက် တာဝန်ရှိသူများ ထိုင်းမြန်မာနယ်စပ်ဒေသကို ရောက်နေပါပြီ။  

ဒီလို ရောက်လာတာဟာ ဒေသအတွင်းက မြန်မာရွှေ့ပြောင်းပညာရေးလုပ်ငန်းအတွက် အကူအညီပေးဖို့ပါပဲ လို့ ဒီညနေပိုင်း မြ၀တီတဘက်ကမ်း မဲဆောက်မြို့ ဒေါက်တာစင်သီယာဆေးခန်းကို ရောက်လာတဲ့  လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက သတင်းထောက်တွေကို ပြောပါတယ်။

”အရင်လ ၂၇-၂၈ နေ့က ပညာရေး ကွန်ရက်ကနေပြီး ဂီတပွဲနဲ့ ဈေးရောင်းပွဲ လုပ်တယ်၊ ရရှိတဲ့ ရံပုံငွေထဲကနေ နယ်စပ်ပညာရေးအတွက် သိန်း ၁၂၀ ကို လာလှူတာပါ။ မနက်ဖြန်မနက် မြ၀တီ(မြို့)မှာ ရှိတဲ့ မြ၀တီဟိုတယ်မှာ အခမ်းအနားနဲ့ ပေးအပ်မှာဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံတွင်း အပြောင်းအလဲများဖြစ်နေတယ် ဆိုပြီး နိုင်ငံတကာအလှူရှင်များ ပြည်တွင်းကိုသာ သွားရောက်နေကြတဲ့အတွက် နယ်စပ်ပညာရေးရံပုံငွေအခက်အခဲများရှိနေတာကို နိုင်ငံတကာက သိရှိနိုင်ဖို့ အတွက် လာရောက်လှူဒါန်းရခြင်းဖြစ်တယ်လို့လည်း  ဦးဖြိုးမင်းသိန်းက ဖြည့်စွက်ပြောကြားပါတယ်။
ရန်ကုန်ကလာတဲ့ NLD   တာဝန်ရှိသူများ  မယ်တော်ဆေးခန်း နဲ့  CDC အထက်တန်းကျောင်းတို့ကို ကြည့်ရှုလေ့လာပြီးနောက်မှာတော့ မြ၀တီမြို့ဘက်ကို ပြန်ကူးသွားကြပါတယ်။

မဲဆောက်အခြေစိုက် မြန်မာ ရွှေ့ပြောင်းပညာရေးကော်မတီဝင်တွေက မနက်ဖြန် မြ၀တီဘက်ကူးပြီး အလှူငွေ သွားရောက်လက်ခံမယ်၊ ပြီးတော့ နယ်စပ်ပညာရေးအနေအထားများကို ရှင်းလင်းပြောကြားကြမယ်လို့ သိရပါတယ်။  

ဒီအတိုင်း ဆိုရင် ရန်ပုံငွေပွဲက ရလာတဲ့ ခရိုနီငွေများထဲက တစိတ်တဒေသဟာ နယ်စပ်ကျောင်းတွေကို ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။

ဒီကနေ့ကာလမှာ ခရိုနီတို့ရဲ့ ငွေတွေ လူမှုရေး၊ နိုင်ငံရေးနယ်ပယ်ထဲ စီးဝင်နေတဲ့အတွက် အငြင်းပွားဖွယ် ဖြစ်နေပါတယ်။

သူတို့ရဲ့ ဓနအင်အားဟာ ဗိုလ်ချုပ်ကြီးများနဲ့ပူးပေါင်းပြီးစီးပွားရေး အကြီးအကျယ် လုပ်တဲ့နည်းနဲ့ ရရှိခဲ့တာဖြစ်လို့  အငြင်းပွားနေကြတာပါ။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ ခရိုနီတွေကို ပြုပြင်ဖို့ အခွင့်အရေး ပေးရမယ်လို့ မကြာသေးခင်ကပဲ ပြောခဲ့ပါတယ်။

ခရိုနီတွေကို ဘယ်လို သဘောထားကြမလဲ ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးနေကြတဲ့ ဧရာဝတီရဲ့ဖိုရမ်စာမျက်နှာမှာလည်း စာဖတ်သူအများအပြားရဲ့ စိတ်ဝင်စားစရာအမြင်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ပြည်တော်မြင့် 
http://blog.irrawaddy.org/2013/01/blog-post_7541.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif