http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Feb 2013

မြန်မာသင်္ဘောသားများပါတဲ့သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်လို့



နစ်မြုပ်သွားသည့် မြန်မာသင်္ဘောသားများပါသော သင်္ဘော၊ ဓာတ်ပုံ- seashipnews.com

မကြာသေးခင်က ဖိလစ်ပိုင်ကမ်းခြေမှာ နစ်မြုတ်ခဲ့တဲ့ သင်္ဘောကိစ္စ သတင်းထုတ်ခဲ့မှုနဲ့ ပတ်သက် ပြီး ပြန်ကြားရေး ၀န်ကြီးဌာနက ပြင်ဆင်ဖြည့်စွက်ချက်ကို ယနေ့ထုတ် သတင်းစာများ၊ ၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွေမှာလည်း ဖော်ပြထားသလို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘုတ်တွင် လည်း အခုလို ဖော်ပြထားပါတယ်။  

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာများမှာ မြန်မာ အလံလွှင့်ထူထားတဲ့ MV HARITA BAUXITE သဘောင်္ ဖေ ၁၇ ရက်နေ့ ဖိလစ်ပိုင်ကမ်းလွန်ပင်လယ်ပြင်မှာ နစ်မြုတ်ခဲ့ရ တစ်ဦးသေ ဆုံး၊ ၁၄ ဦးပျောက် ဆုံးနေကြောင်း သတင်းဖော်ပြခဲ့ပါတယ်။ 

အဲဒီသတင်းနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှူးဦးစီးဌာနက စိစစ်စုံစမ်းခဲ့ရာ သဘောင်္မှာ မြန်မာသဘောင်္င်္သားများပါသော်လည်း မြန်မာ အလံလွှင့်ထူထားတာမဟုတ်ဘဲ ပနားမားနိုင်ငံအလံလွှင့်ထူထားတာဖြစ် ကြောင်းသိရပါတယ်။ 

သဘောင်္မှာ မြန်မာသဘောင်္သား ၂၄ ဦးပါတဲ့အနက် ကိုးဦးကို ကယ်တင် နိုင်ပါတယ်။ တစ်ဦးသေဆုံးပြီး ၁၄ ဦးပျောက်ဆုံးနေကြောင်း ၀န်ကြီးဌာနက သတင်းပေးပို့လာပါတယ်။ ကယ်ဆယ်၊ သေဆုံး၊ ပျောက်ဆုံးစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ မနက်ဖြန်သတင်းစာများမှာလည်းဖော်ပြပေးပါ့မယ်။ 

http://blog.irrawaddy.org/2013/02/blog-post_5038.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif