ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့နယ်ကနေ တခြား မြို့နယ်တွေမှာ အလုပ်သွားလုပ်ဖို့ ရောက်နေ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးနဲ့ အမျိုးသား လူဦးရေ စုစုပေါင်း ၁၆၇ ယောက်ကို နယ်မြေခံ ထိုင်း အာဏာပိုင်တွေက မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်း သတင်းအရ သိရှိရပါတယ်။
ဓာတ်ပုံ- mcot.net
မြန်မာနိုင်ငံသားတွေဟာ ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ် ကနေ ထိုင်းနိုင်ငံ တောင်ပိုင်းကို ဒီလ ၂၄ ရက်
နေ့က ရောက်ရှိ နေတာပါ။ လူပွဲစားနဲ့ လာမလာကိုတော့ ထိုင်းသတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။
ဒါပေမယ့် မြန်မာနိုင်ငံသားတွေကို နေတဲ့ နေရာကို ထိုင်း ဒေသခံတွေက နယ်မြေခံ ရဲတွေဆီ တိုင်ကြားခဲ့လို့ အခုလို့ အဖမ်းခံရတာ ဖြစ်တယ်လို့ TNA သတင်း အင်တာနက် စာမျက်နှာမှာ မနေ့က ဖော်ပြထားပါတယ်။
ထိုင်းရဲက အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင် စာရွက်စာတမ်း ရှိမရှိ စစ်ဆေးပြီး တရားမ၀င် လာတဲ့ သူတွေ ရှိပါက ထိုင်း ဥပဒေအရ ဆောင်ရွက်ပြီးတော့ မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်သွား မှာ ဖြစ်တယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။
သန်းထိုက်ဦး ~
- See more at: http://blog.irrawaddy.org/2013/02/blog-post_947.html#more






Kuala Lumpur Time

0 comments:
Post a Comment