http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Feb 2013

Googleအရာရှိနဲ့တွေ့ဆုံပြီးနောက်ဦးရဲထွဋ်ဘာပြောထားလဲ




တလောက ပြည်တွင်း၊ ပြည်ပ သတင်းထောက်တွေရဲ့ အင်တာနက် အီးမေးလ်တွေကို ဖောက်ထွင်းခံရ တာ တွေနဲ့ ပတ်သက်လို့ State Sponsored ဆိုတဲ့ အစိုးရ တခုခုက Hacking လုပ်တယ်ဆိုတဲ့ သတင်း 
တွေ ထွက်ပေါ်ခဲ့ပါတယ်။  အဲဒီသတင်းကြောင့် မြန်မာအစိုးရက သို့တည်းမဟုတ် အစိုးရ ကျောထောက် 
နောက်ခံပေးတဲ့ သူတွေရဲ့ လက်ချက်ပဲ ဖြစ်မယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ 


ပြန်ကြားရေး ဒုဝန်ကြီး၊ သမ္မတ၏ ပြောခွင့်ရ ဦးရဲထွဋ် ( ဓာတ်ပုံ- ဧရာဝတီ) ~


ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်၊ သမ္မတ ဦးသိန်းစိန်ရဲ့ ပြောခွင့်ရသူဖြစ်တဲ့ ဦးရဲထွဋ် က Google ကုပ္မဏီက တာဝန်ရှိသူနဲ့ တွေ့တဲ့အခါ သူ့သိခွင့်ရတာကို ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။  



ဒီနေ့ နေ့လည်မှာ Google က Mr. Mike Orgill, Country Lead, Public Policy and Government Relation နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရပါတယ်။ 

မီဒီယာဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးပြီးတဲ့နောက် ကျွန်တော်က မကြာခင်က Google က ပို့တဲ့ အသိပေးချက်တွေမှာ ပါတဲ့ State Sponsored ဆိုတဲ့အသုံးအနှုန်းကို ဘာ့ကြောင့် သုံးတာလဲ ဘယ်လို ရှာဖွေပြီး သတိပေးတာလဲ ဆိုတာကိုမေးခဲ့ပါတယ်။ 

သူက မေးလ်းလိပ်စာတစ်ခုကို ဖောက်ထွင်းတိုက်ခိုက်ဖို့ ကြိုးစားမှုတွေရှိမယ်၊ အဲဒီလုပ်ဆောင်သူ တွေ
သုံးတဲ့နည်းစနစ်က သာမန် Hacker တစ်ဦး အသုံးပြုနိုင်တဲ့နည်းပညာ လုပ်ဆောင်ချက်မဟုတ်ဘူးဆိုရင် အဲဒါကို နိုင်ငံတစ်ခုခုရဲ့ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်က နောက်ကွယ်က ဆောင်ရွက်ပေးနေတာလို့ သတ်မှတ်ပြီး State Sponsored ဆိုတဲ့စကားကို သုံးပါတယ်လို့ ရှင်းပြပါတယ်။ 

ကျွန်တော်တို့ မေးလ်တွေကို ပို့တဲ့ သတိပေးချက်ဟာ အဲဒီသဘောပါပဲလို့ ပြောပါတယ်။ နောက်ပြီး ဆက်ဆွေးနွေးတဲ့အခါမှာ ကျွန်တော်က Gmail လုံခြုံရေးစနစ်မှာ အဆင့်နှစ်ဆင့်ခံပြီး စိစစ်တဲ့စနစ်ကို စမ်းသုံးကြည့်တယ်။ ဒါပေမယ့် လျှို့ဝှက်နံပါတ်ကို ဖုန်းကနေ Voice Mail နဲ့ အကြောင်းကြားတာ တစ်ခါတစ်လေ ရောက်လာပေမယ့် မရောက်တာက များတဲ့အတွက် သိတ် အဆင်မပြေကြောင်းလည်း သူ့ကို ပြောပြခဲ့ပါတယ်။ 

ဒါပေမယ့် အဲဒါဟာ ကျွန်တော့်တစ်ဦးတည်း အတွေ့အကြုံဖြစ်ပြီး ကျန်တဲ့သူတွေကိုလည်းမေးမြန်းလေ့လာ သင့်ကြောင်း ပြောပြလိုက်ပါတယ်။ 

သူကတော့ အဲဒီအားနည်းချက်နဲ့ပတ်သက်ပြီး ပြန် စိစစ်ပါ့မယ်လို့ ပြောပါတယ်။ 

သူကတော့ မြန်မာနိုင်ငံကနေ Google ကို သုံးပြီး ရှာဖွေတာတွေနေ့တိုင်း တိုးတက်နေတာတွေ့ လို့ ၀မ်းသာနေပုံပဲ။ နောက်ပြီး လူတိုင်းလိုလို ဂျီမေးလ်သုံးနေတာကြောင့်လည်း ကျေနပ်နေပုံပဲ။  

http://blog.irrawaddy.org/2013/02/google.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif