ပြုံးပြုံးပျော်ပျော်
ထော်လော်ကန့်လန့် ဆိုတဲ့ ရုပ်ရှင်ကားသစ်ကြည့်သူများ ရန်ကုန်မှာ
ရုပ်ရှင်ကြည့်ရင်း မော်တော်ကားမဲပေါက်တဲ့အိပ်မက် မက်နိုင်ပါပြီ။
မဲဖောက်ပေးမယ့်ကားက Nissan March ဖြစ်ပါတယ် တဲ့။
ထွန်းအိန္ဒြာဗိုလ်၊ မေသန်းနု၊ မေသဉ္ဖာဦး၊ ဟိန်းဝေယံ၊ အေးမြတ်သူ၊ ရဲအောင်၊ နေဆန်း၊ နေမျိုးအောင်တို့ ဒီရုပ်ရှင်ကားမှာ ပါဝင်ကြပါတယ်။ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က ရိုက်ကူးထားတဲ့ကားပါ။

သမ္မတရုံရှေ့ဝင်ပေါက် ဘယ်ဘက်ဘေးနံရံမှာမည်း မဲပေါက်သူကိုပေးမယ့် Nissan March ရပ်ထားတာ တွေ့ရမှာပါ။
ရုပ်ရှင်လက်မှတ်တစ်စောင် ၀ယ်ယူသူတိုင်း ကံစမ်းနိုင်ပါတယ် တဲ့။
ရုပ်ရှင်လက်မှတ်နဲ့ ကံစမ်းမဲအစီစဉ်ကို ပါဝါကင်း ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ် ဖြန့်ချီရေးကနေဆောင်ရွက်တာဖြစ်ပါတယ်။

ဗုဒ္ဓဂါယာခရီးစဉ်လက်မှတ်(၂)စောင်၊
Mitsubishi ရေခဲ သေတ္တာ၊ ၂၄ လက်မ LED Toshiba တီဗွီ၊ Sony EVD စက်
အလုံး(၃၀)၊ ပေါင်းအိုးတွေ ပန်ကာတွေမီးပူ၊ တိုင်ကပ်နာရီ စတဲ့ ဆုမဲ(၁၀၀)
ကျော်ကိုလည်း ကံစမ်းမဲဖောက်ပေးသွားမှာပါ တဲ့။
ဒီဆုတွေရဲ့ စုစုပေါင်းတန်ဘိုး နဲ့ ရုပ်ရှင်ဇာတ်ကားအမြတ်ငွေ ဘယ်လောက် ကွာခြားမှု ရှိတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
မြန်မာပြည်မှာ ကားဈေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကားဈေးတွေ ကျလာတာကြောင့် ကံစမ်း မဲအစီစဉ်တွေမှာ ကားတွေ ပိုပါလာတာကို တွေ့ရပါတယ်။
ကံစမ်းမဲနဲ့ မက်လုံးပေးတဲ့ခေတ် မကုန်သေးတဲ့ မြန်မာပြည်မှာ ကံစမ်းမဲ ဆိုတာ ပျော်စရာကောင်းတဲ့ အစီအစဉ်ဖြစ်ကြောင်း လက်ခံထားသူ အများအပြား ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။
ရွက်စိမ်း ~

Kuala Lumpur Time

0 comments:
Post a Comment