http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Mar 2012

ခေတ်ကို ထင်ဟပ်စေနိုင်တာ သင်္ကြန် သံချပ်တွေ ပါပဲ ဆိုတဲ့ဇာဂနာ

သင်္ကြန်သံချပ်တွေကို နှစ်ခြိုက်ခုံမင်တဲ့ သူတစ်ယောက်ဖြစ်တဲ့ အတွက် သင်္ကြန် သံချပ် တွေဟာ သူ့ဘဝအတွက်အနုပညာနဲ့ပတ် သက်တဲ့ အရာတွေ ကို လွှမ်းမိုးနေတဲ့ အရာတစ် ခုဖြစ်တယ်လို့ ပြောပြခဲ့တဲ့ ဦးသူရ(ဇာဂနာ) က သူကိုယ်တိုင် သင်္ကြန်သံချပ် ဝင်ထိုးဖို့ကြိုး စားကြည့် တဲ့အခါ ဇာဂနာ(၉ဝ)ဆိုတဲ့ ဗီဒီယိုအခွေတစ်ခွေ သံချပ် ထိုးဖူးခဲ့ပေ မယ့်လည်း ဆင်ဆာပြသခွင့်မရခဲ့လို့ ပိတ်ခံခဲ့ ရပါတယ်။ အဲဒါကြောင့်လည်း ဒီနှစ်(၂ဝ၁၂) မှာ အဲဒီ သံချပ်တွေပြန်ပေါ်လာဖို့အတွက်ကို အားသွန်ခွန်စိုက်နဲ့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
”ကျွန်တော်တို့သင်္ကြန်သံချပ်ကားတွေ ပြန်ထွက်ဖို့ရယ်၊ ပြီးတော့ ပြည်သူ့ရင်ပြင်မှာ လည်း သင်္ကြန်ပွဲတွေလုပ်ဖို့ကြိုးစားနေပါ တယ်။ ကျွန်တော်ထင်ပါတယ်။ ဒီနှစ်သင်္ကြန် သံချပ်ကား တွေကို ပရိသတ်တွေ ပြန်ပြီး မြင်ကိုမြင်ရပါလိမ့်မယ်လို့ ကျွန်တော်ပြောရဲပါတယ်”လို့ ပြောပါတယ်။ ပြောခဲ့တဲ့အတိုင်း ပရိသတ်တွေ ရဲ့ မျက်စိအရှေ့မှာ မျက်ဝါးထင် ထင် မြင်တွေ့ လာရဖို့အတွက်လည်း အခု အချိန်မှာ တော်တော်လေးခရီးရောက် နေပြီလို့ သိရပါတယ်။ ”သံချပ်တွေအကုန် လုံး ကို အခုအချိန်မှာ ရေးပြီးသွားတဲ့အပြင်ကို ပဏာမ အနေနဲ့ သံချပ် ဖျော်ဖြေပွဲသဘောမျိုး လေးတွေကို လုပ်ဖို့ရှိတယ်။ ပြီးတော့ သင်္ကြန်သံချပ် ကားတွေ ထွက်ဖို့ စီစဉ် နေပါတယ်။ သံချပ်ကား၊ အလှပြကားကြီး တွေပေါ့။ ဆုပေးမဏ္ဍပ် မရှိဘူးဆိုရင်လည်း ကျွန်တော်တို့ လမ်းဆုံလမ်းခွတွေမှာ လိုက်က ပြမယ်လို့တော့ စဉ်းစား ထားပါတယ်” လို့ ပြောပြပါတယ်။ အဲဒါတွေ မတိုင်ခင်မှာတော့ အစမ်းသဘောမျိုးနဲ့ ပရိသတ်တွေလည်းမေ့ နေ တာကြာပြီဖြစ်တာရယ်၊ မမြင်ရတာ လည်းကြာပြီ ဖြစ်တာရယ် မမြင်ရ ဖူးသေးတဲ့ ကလေး လူငယ်တွေလည်းမြင်ဖူးကြားဖူးသွားအောင်ပြည်သူ့ရင်ပြင်မှာ ပဏာမအနေ နဲ့လုပ်ဖို့ရှိ ပါတယ်။သင်္ကြန်သံချပ်ကားတွေ ကို တော့သင်္ကြန်ညပိုင်းတွေ မှာလှည့် လည် ကပြ သွားမှာဖြစ် ပါတယ်။
အခုလိုမျိုးလုပ်လာတဲ့ အတွက်လူကြီး၊လူငယ် မရွေးဘယ်လိုမျိုး အသိဥာဏ်ကွန့်မြူးတဲ့မြင်ကွင်းမျိုးတွေ တွေ့လာဖို့ရှိလာနိုင် မလဲဆိုတော့ ”အဲဒီဟာမှာ ကောင်းတာတစ်ခုကတော့ သင်္ကြန်သံချပ်ကို ကြားရတဲ့အတွက် နံပါတ်တစ်က အားလုံးပျော် ကြတယ်ဗျ။ နံပါတ်နှစ်ကတော့အဲဒါတွေက ခေတ် ကိုသရော်တာဖြစ်တဲ့အတွက် ပြည်သူ့ ကိုယ်စားပြည်သူ့အသံကိုမှန်မှန်ကန်ကန်နဲ့ အများရှေ့မှာ ပြောပေးလိုက်နိုင်တယ် ဆိုတဲ့ သင်္ကြန်မျိုးပေါ့။ သင်္ကြန်သံချပ်တွေဟာ ခေတ်ကိုထင်ဟပ်နိုင်တဲ့ သင်္ကြန်တွေ လို့ပြောလို့ရ ပါ တယ်”လို့ဇာဂနာကပြောပြခဲ့ပါတယ်။                           http://www.yoyarlay.com/entertainmen  

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif