အစည်းအရုံး ပြန်လည်ဖွဲ့စည်းရေး ရွေးကောက်ပွဲမှာ မဲပေး ဖို့ ရောက်လာ တဲ့ မိုးအောင်ရင် က ဒီနှစ်သင်္ကြန်ကို ရန်ကုန်မှာ မရှိဘဲ သူ့ရဲ့ မိဘတွေ ရှိတဲ့ အင်္ဂလန်နဲ့ ဂျာမနီ နိုင်ငံတွေကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။ ဂျာမနီနဲ့ အင်္ဂလန်ကို သွားဖို့ စီစဉ်ထားပေမယ့် အင်္ဂလန်ကိုတော့ ဗီဇာမကျသေးကြောင်း မိုးအောင်ရင်က ဆိုပါတယ်။
ဧပြီ ၈ ရက်နေ့ လောက်သွားဖို့ စီစဉ်ထားကြောင်း၊ အဖေနဲ့ အမေက ခေါ်နေတာ ကြာပြီဖြစ်ပေ မယ့် မသွားဖြစ်တာ ၂ နှစ်ခွဲလောက် ရှိပြီ ဖြစ်ကြောင်း၊ အနည်းဆုံး ၁၅ ရက်နဲ့ အများဆုံး ၁လလောက် ကြာ မှာဖြစ်ကြောင်း မိုးအောင်ရင် က ပြောပါတယ်။ အဖေနဲ့ အမေကို တွေ့ရ မှာ ကြောက်နေ တယ်လို့ ဆိုလာတဲ့မိုးအောင်ရင်က ”အဖေ၊အမေ ကိုတွေ့ရမှာကြောက်တဲ့ အကြောင်းရင်းက သူတို့ ပထမဆုံးခွဲတုန်းက ကျွန်တော် အသည်းကွဲတယ်ဗျ။ ချစ်သူနဲ့ကွဲ လို့အသည်းကွဲတာနဲ့ မတူဘူး။ ဘယ်လိုမှ ယှဉ်လို့မရတဲ့ အသည်းကွဲနည်းပဲ။ အဲဒီတော့ အခုပြန်တွေ့ပြီး ဒီကို ပြန်လာရင် ကျွန်တော် တစ်ယောက်တည်း ပြန်လာရမှာ ဆိုတော့ အသည်းထပ် ကွဲမှာ ကြောက်တယ်။ ဒါကြောင့် အသည်းကွဲမှာလို့ ပြောတာ” လို့ ပြောပါ တယ်။
အဖေဖြစ်သူ အောင်ရင်နဲ့ အမေဖြစ်သူတို့ကလည်း သားဖြစ်သူ ကို တွေ့ရတော့ မှာ ဖြစ်တဲ့ အတွက် ပျော်နေကြတယ် လို့ ပြောတဲ့ မိုးအောင်ရင်က အင်္ဂလန်မှာလည်း အဖေနဲ့ အတူ ပွဲတစ်ပွဲမှာ သီချင်းဆိုဖို့ အစီအစဉ် ရှိကြောင်းကို”သင်္ကြန်ဆိုတော့ အဲဒီမှာ လည်း ပွဲတစ်ခုတော့ ရှိမှာပဲလေ။ အဖေက သူ့သူငယ်ချင်းတွေနဲ့ အတူလုပ်မယ် ဆိုပြီး ပြော တယ်။ အဲဒီမှာသီချင်းနှစ်ပုဒ်၊ သုံးပုဒ်လောက် ကျွန်တော့်ကို ဆိုစေချင်တယ်လို့ အဖေက ပြောတယ်။ ပထမတော့ ကျွန်တော်လည်း မဆိုချင်ဘူး။ ဒါပေမဲ့ အဖေ့ရဲ့ဆန္ဒက လည်း သူသီချင်း မဆိုရတာလည်း ကြာပြီ။ သားသမီးနဲ့လည်း မတွေ့ရတာ ကြာပြီ။ အဖေက အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အတွက် သားသမီးနဲ့ တွဲပြီး တစ်ခုခုတော့ လုပ်ချင်မှာပဲ ဆိုပြီး ကျွန်တော်သီချင်းဆိုဖို့ စဉ်းစားထားတယ်။ ကျွန်တော် ဆိုနေကျဖြစ်တဲ့ ကိုလေးဖြူ ရဲ့ သီချင်းတွေကိုပဲ ဆိုဖြစ်မယ်ထင်တယ်။ အဖေ့ သီချင်းတွေထဲကလည်း အတူတူဆိုမှာပေါ့ လေ” လို့ မိုးအောင်ရင် က ပြောပြ ပါတယ်။ http://www.yoyarlay.com/entertainment

0 comments:
Post a Comment