နယူးဇီလန်နိုင်ငံရှိ Golden Wings Flight Training မှ မြန်မာကျောင်းသားလေယာဉ်မှူးသင်တန်းသားများ ခေါ်ယူနေသည်ဟု သတင်းရရှိသည်။ လေယာဉ်မှူးသင်တန်းတွင် သီအိုရီပိုင်းဆိုင်ရာ မြေပြင်သင်တန်းနှင့် လေယာဉ်ပျံသန်ခြင်း နှစ်မျိုးရှိသည်ဟုသိရသည်။
သင်တန်းတက်ရောက်သူများအနေဖြင့် Golden Wings Flight Training နှင့်ပူးပေါင်းထားသည့် မြန်မာနိုင်ငံရှိ JENKO Group of Educare Services တို့ကဖွင့်လှစ်သည့် Golden Wings @ Jenko သီအိုရီပိုင်းဆိုင်ရာမြေပြင်သင်တန်းကို ပြည်တွင်းမှာတက်ရောက်ရမည်ဟု သိရသည်။ သီအိုရီပိုင်းဆိုင်ရာမြေပြင်သင်တန်းကို ၁၄ ပတ်တက်ရမည်ဟုသိရပြီး လေယာဉ်ပျံသန်းခြင်းသင်တန်းအတွက် နယူးဇီလန်နိုင်ငံ၊ နယ်လ်ဆင်မြို့ (NELSON) ရှိ Golden Wngs Flight Training School တွင် ၁၈ လ တက်ရောက်ရမည်ဟုသိရသည်။ သင်တန်းအားလုံးပြီးဆုံးပါက နိုင်ငံတကာလေကြောင်းလိုင်းများတွင် အလုပ်ဝင်ရောက်နိုင်သလို၊ လေယာဉ်နည်းပြများအနေဖြင့်လည်း လုပ်ကိုင်နိုင်မည်ဟုသိရသည်။ သင်တန်းကြေးမှာ ဒေါ်လာ ခြောက်သောင်းဟုသိရပြီး ကျောင်းသားဘက်မှ ကျောင်းဆက်မတက်နိုင်သောအခါ (သို့) ကျောင်းမှပျက်ကွက်ပြီး စာဆက်မသင်သောအခါများတွင် ကျောင်းသားများပေးသွင်းရသော ကျောင်းလခအားလုံးကို ထိန်းသိမ်းထားသည့် သီးခြားအဖွဲ့အစည်းဖြစ်သည့် Trust Fund မှ ပြန်လည်ထုတ်ပေးမည်ဟုသိရသည်။ မြေပြင်သင်တန်းအမှတ်စဉ် (၁) ကို ၂၀၁၂ ခုနှစ်မေလတွင် ဖွင့်လှစ်မည်ဖြစ်ပြီး လေယာဉ်နည်းပြ Flight Instructor (5) ဦးအတွက် ဆန်ကာတင်ရွေးချယ်မည်ဟုသိရသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် Golden Wings @Jenko Flight Training အမှတ် (၄၅၉) ဘီ၊ အခန်း (၃/ဒီ)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ဖုန်း- ၀၉-၅၀၆ ၂၈၉၁၊ ၀၉-၄၃၀၂ ၈၇၆၀ တို့တွင်မေးမြန်းနိုင်သည်။ http://www.myanmarinternetjournal.com

0 comments:
Post a Comment