http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

အလှူငွေ သိန်း ၁၈၀ ကျော် ရဲတိုက်ကောက်ခံရရှိ

ကချင်စစ်ဘေးသင့် ဒုက္ခသည်များ အတွက် ရဲတိုက်ဖောင်ဒေးရှင်းက သီးသန့် ရန်ပုံငွေရှာဖွေခြင်းအဖြစ် မန္တလေးမြို့တွင် မင်းသားရဲတိုက် ကိုယ် တိုင် အလှူငွေ လိုက်လံကောက်ခံရာ မျှော်မှန်းထားသည်ထက် သုံးဆပိုကာ ကျပ်သိန်းပေါင်း ၁၈၀ ကျော် ရရှိခဲ့သည်ဟု ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ ဒါရိုက်တာရီဇော်ကပြောသည်။
"အဲဒီလောက်ထိ ရလိမ့်မယ်လို့ကို မျှော်လင့်မထားတာ။ အခုသူမှန်းထား တာထက်အများကြီးကျော်တယ်။ သူက သိန်း ၅၀ လောက်ပဲရမယ်မှန်း ထားတာ"ဟု ၎င်းက ပြောသည်။
မူလက မတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နှစ်ရက်သာ အလှူငွေ ကောက်ခံ ရန် စီစဉ်ထားခဲ့သော်လည်း အလှူရှင် အများအပြား ဆက်သွယ်မှုကြောင့် တစ်ရက်တိုးကာ မတ်လ ၁၇ ရက်နေ့တွင် ပါ အလှူငွေကောက်ခံခဲ့ရသည်ဟု ၎င်းက ပြောသည်။
အလှူငွေကောက်ခံရာတွင် မန္တလေး မြို့ထဲရှိ နေရာပေါင်း ၅၀ ကျော်ကို သွား ရောက်ခဲ့ပြီး အလှူငွေဖြတ်ပိုင်းပေါင်း ၂၃၈ စောင်စာ ကောက်ခံရရှိခဲ့သည်ဟု လည်း သိရသည်။
"လူဦးရေကတော့ ဒီထက်များပါ တယ်။ ဈေးချိုလိုနေရာမျိုးမှာဆိုရင် စုပြီး အလှူငွေဝိုင်းထည့်ကြတယ်။ တချို့အခွေ ဆိုင်တွေဆို သူ့ဇာတ်ကား ပိုစတာတွေ ကပ်ပြီး ကြိုဆိုကြတာ တွေ့ရတယ်"ဟု ဒါရိုက်တာရီဇော်က ဆိုသည်။
ရဲတိုက်သည် လတ်တလောတွင် အခြားခရီးစဉ်များ ရှိနေသဖြင့် ရန်ကုန် တွင် အလှူငွေ ကောက်ခံမည့်ရက်ကို အတိအကျ မသတ်မှတ်ရသေးသော် လည်း ဧပြီလဆန်းပိုင်းမတိုင်မီ ပြုလုပ် မည်ဟု ၎င်းက ပြောသည်။
အဆိုပါ ခရီးစဉ်နှစ်ခုမှ ကောက်ခံ ရရှိသည့် အလှူငွေများကို ဧပြီလထဲတွင် ကချင်ပြည်နယ်အတွင်းရှိ ဝေးလံခေါင် ဖျားသည့် ဒေသများမှ ဒုက္ခသည်စခန်း များသို့ မင်းသားရဲတိုက်ကိုယ်တိုင်သွား ရောက် လှူဒါန်းမည်ဟု သိရသည်။          http://www.myanmar.mmtimes.com/2012/upper/562/upper05.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif