http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 Mar 2012

မန်းလူရွှင်တော်များ သင်္ကြန်ပွဲတော်တွင် သံချပ်ထိုးမည်

မန္တလေးမြို့ပေါ်ရှိ လူရွှင်တော်များ စုစည်းကာ လာမည့်သင်္ကြန်၌ အလှဆင် ကားဖြင့် သံချပ်နှင့်ပြက်လုံးများကို မြို့တွင်းတွင် လှည့်လည်အသုံးတော်ခံ သွားမည်ဟု စီစဉ်နေသူတစ်ဦးဖြစ်သည့် လူရွှင်တော် ပါပါလေးကပြောသည်။
"လူရွှင်တော်တွေစုပြီးတော့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ သံချပ် ထွက်ဖို့ စီစဉ်တိုင်ပင်နေပါတယ်။ အရပ် သားမပါဘဲ အနုပညာ သမားတွေချည်းပဲ လုပ်ရတာဆိုတော့ သင်္ကြန်ရက်အကုန် လုံးတော့ ထွက်နိုင်မှာ မဟုတ်ပါဘူး။ အနုပညာရှင်တွေမှာကလည်း သူတို့ရဲ့ စားဝတ်နေရေးအတွက် ပွဲလမ်းသဘင် တွေ ကလည်းရှိသေးတာကိုး။ သူတို့ရဲ့ စီးပွားရေးကို ငဲ့ကွက်တဲ့အနေနဲ့ အနည်း ဆုံး တစ်ရက်၊ နှစ်ရက်လောက်တော့ ထွက်မှာပါ"ဟု ၎င်းက ပြောသည်။
မြို့၏ အထင်ကရ လူရွှင်တော်များ ဖြစ်သည့် ဦးချစ်စရာ၊ ဦးထင်ပေါ်၊ သပြေ ကြာအေး၊ ဦးမြတ်သာ၊ ဦးပေါစိန်၊ ကိုဒီပါ၊ မုံရွာတက်တိုး၊ ကိုမိတ်ဆက်၊ ပါပါလေး၊ ဦးလူမော်နှင့် အခြား လူရွှင်တော်များ စုစည်းကာ သင်္ကြန်ရက်များအတွင်း သံချပ်ထိုးခြင်း၊ ပျက်လုံးပျက်ခြင်း များကို နှစ်များစွာကြာမှ ပြန်လည်ပြုလုပ်ခြင်း ဖြစ်သည်ဟု ပါပါလေးက ပြောသည်။
မန္တလေးမြို့တွင် ဆယ်စုနှစ်နှစ်စုကျော် ကြာမြင့်ပြီးမှ ပထမဆုံးအကြိမ်အဖြစ် သံချပ်ထိုးခြင်းကို ပြုလုပ်ရသည့် ရည် ရွယ်ချက်ကိုလည်း "ဒီနှစ်မှာမှ ပြန် လုပ်ဖြစ်တာက လုပ်ချင်တဲ့စိတ် ပြင်းပြ လာတာရယ်။ သမ္မတ ကြီးကိုယ်တိုင်က လည်း အနုပညာကို နားလည်ပေးမယ် လို့ ထင်တယ်။ အနုပညာရှင်တွေကလည်း စိတ်အား ထက်သန်ပြီး သံချပ်ထိုးချင် ကြတာ။ မန္တလေးမြို့က ထွက်တဲ့သံချပ် က သူများ နဲ့မတူဘူး။ ပရိသတ်ကလည်း စိတ်ဝင်စားကြတာကိုး"ဟု ပါပါလေးက မြန်မာတိုင်း(မ်)ကို ပြောသည်။
လူရွှင်တော်များ သံချပ်ထိုးရာတွင် စီးနင်းမည့်ကားကို လူရွှင်တော်များ၏ ရုပ်ပုံများဖြင့် အလှဆင်သွားမည်ဟု ၎င်းက ဆက်လက် ပြောပြသည်။           http://www.myanmar.mmtimes.com/2012/upper/562/upper01.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif