http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Mar 2012

သားသမီး ရပြီး နောက် သင်တို့ ဇနီး မောင်နှံ အဆင် ပြေစေရန်

သင်တို့ ဇနီး မောင်နှံမှာ သားသမီး ရ တနာလေး တစ်ဦး ပိုင်ဆိုင် လာတဲ့ အခါ ကလေး ငယ် ကို စောင့်ရှောက်ဂရုစိုက်နေ ရတာကြောင့် သင့်ဘဝအဖော်နဲ့ အတူ ချစ်ချစ်ခင်ခင် တွေ့ဆုံချိန်ရှိဖို့ ခက်ခဲလာ နိုင်ပါတယ်။ နေ့စဉ်ဘဝ၊ လူမှုရေးကိစ္စ တွေအပြင် ကလေးမွေးလာတဲ့အခါ ဖြစ် ပေါ်လာတဲ့ အပြောင်းအလဲတွေကြောင့် သင်တို့ဇနီးမောင်နှံနှစ်ဦး အတူတကွ အ ချိန်ဖြုန်းသင့်တဲ့ အောက်ပါ နည်းလမ်း ခုနစ်ရပ်ကို လိုက်နာပေးရင် သင်တို့ရဲ့ ပေါင်းသင်းဆက်ဆံရေးက ပိုအဆင်ပြေ လာမှာ ဖြစ်ပါတယ်။
(၁) သင့်အိမ်ထောင်ဖက်အတွက် အချိန် ပေးပါ။ နေ့စဉ် အသေးအမွှားကိစ္စမှသည် ကြီးမားတဲ့ ကိစ္စတွေ အထိ သင့်အတွေး တွေက ဘယ်လိုရှိတယ်ဆိုတာ သင့်အိမ် ထောင်ဖက်အား မျှဝေနိုင်ဖို့နဲ့ သူ့အတွေး တွေကို နားထောင်ဖို့ တစ်ဦးနဲ့တစ်ဦးအ ချိန်ပေးသင့်ပါတယ်။ တစ်ပတ်တစ်ကြိမ် ချိန်းဆိုပြီး အပြင်ထွက်လည်ပါ။
(၂) မိသားစုအတွက် အစီအစဉ် ရေးဆွဲ ထားပါ။ အားလပ်ရက်အပန်းဖြေခရီးထွက် တာ ဒါမှမဟုတ် မိသားစုစုံညီတွေ့ဆုံတာ စတဲ့ အနာဂတ်အတွက် မိသားစုအစီအ စဉ် ထားရှိသင့်ပါတယ်။
(၃) သင်ရဲ့ အိမ်မက်တွေနဲ့ မျှော်လင့်ချက် တွေကို အတူတူ မျှဝေပြောဆိုသင့်ပါတယ်။ (၄) သင်လိုချင်တာကို သင့်အိမ်ထောင် ဖက်အား တောင်းဆိုသင့်ပါတယ်။ သင့် အနေနဲ့ တခြားလူတစ်ယောက်ရဲ့ စိတ်ကို မဖတ်နိုင်တာကြောင့် တစ်ဦးလိုအပ်တာ ကို နောက်တစ်ဦးက သိမှ ရှင်းရှင်းလင်း လင်း ကူညီနိုင်မှာဖြစ်ပါတယ်။
(၅) သင့်ခံစားချက်ကို ဖွင့်ဟပြောဆိုပါ။ မိသားစုဘဝအကြောင်း၊ အလုပ်အ ကြောင်း၊ ကလေးရဲ့ လှုပ်ရှားပြုမှုပုံတွေ အကြောင်းတို့ကို တစ်ဦးနဲ့တစ်ဦးတိုင်ပင် ပြောဆိုသင့်ပါတယ်။ သင်ဖြစ်ချင်တာ မှန်သမျှ သင့်ပါးစပ်က ဖွင့်ပြောပြမှ ဖြစ် မှာပါ။ သင်ဖြစ်ချင်တာမှန်သမျှ သင့်အိမ် ထောင်ဖက်က အလိုလိုသိနေလိမ့်မယ် လို့ မထင်ပါနဲ့။
(၆) ဇနီးမောင်နှံနှစ်ဦး အတူတကွ ငွေရေး ကြေးရေးအကြောင်း စကားပြောဆိုဆွေး နွေးသင့်ပါတယ်။ (၇) ဇနီးမောင်နှံနှစ်ဦး အတူတကွ ရယ် မောသင့်ပါတယ်။                         http://www.yoyarlay.com/health

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif