မြန်မာ့ ဆက် သွယ် ရေး လုပ်ငန်းမှ ကျပ် နှစ်သိန်း ဖြင့် ချထား ပေးသော တန်ဖိုးနည်း ဖုန်းများတွင် အင်တာနက် သုံးစွဲနိုင်ရန် အတွက် ဖိုင်ဘာ ဆက်ကြောင်းသစ် များကို ချိတ်ဆက် ထားသည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ချထားပေးမည့် မိုဘိုင်းဖုန်းများ တွင် အင်တာနက် သုံးစွဲခွင့် အတွက် မြို့ကြီးများတွင် 3G/ WCDMA စနစ်ဖြင့် လည်းကောင်း၊ နယ်မြို့ များတွင် 2.5G/ EDGE စနစ်ဖြင့် လည်းကောင်း သုံးစွဲနိုင်မည်ဖြစ်ပြီး လက်ရှိ တည်ဆောက်ပြီးသား ဖိုင်ဘာ ဆက်ကြောင်းများ၊ ဝါယာလက် Micro Link များအား လိုက်လျော ညီထွေစွာ ပြင်ဆင်မည် ဖြစ်သည် ဟု သိရသည်။
ထိုသို့ ဖိုင်ဘာဆက်ကြောင်း သစ်များ ချိတ်ဆက်ရာတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့်အတူ ရတနာပုံတယ်လီပို့ ကုမ္ပဏီနှင့်ရတနာပုံဖိုင်ဘာ ကုမ္ပဏီတို့ ပူး ပေါင်းပြီး မန္တလေး-မုံရွာ ဖိုင်ဘာ ဆက်ကြောင်း စီမံကိန်းကို ဆောင် ရွက်သည်ဟုလည်း သိရသည်။
မြန်မာ့ဆက်သွယ်ရေး အနေဖြင့် ချထားပေးမည့် မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲနိုင်စေရန် အ တွက် ဖိုင်ဘာဆက်ကြောင်းများ ဆောက်လုပ်ရာတွင် ရန်ကုန်မှ နေပြည်တော်- မန္တလေး-လားရှိုး- မူဆယ်အထိ ဖိုင်ဘာဆက်ကြောင်း ချိတ်ဆက်ပြီး ဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင် အရန်အဖြစ် Micro Link များတပ်ဆင်ထားပြီး ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆက်လက်ပြီး မြန်မာပြည်အောက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ ဒေသများ၊ အ ထက်ပိုင်း စစ်ကိုင်း၊ ကချင်၊ ချင်း ဒေသများတွင်လည်း ဖိုင်ဘာကွန် ယက် ချိတ်ဆက်မည်ဖြစ်သည်ဟု သိရသည်။
ရတနာပုံ ကုမ္ပဏီမှ ချိတ် ဆက်သော ဖိုင်ဘာ ဆက်ကြောင်မှာ မန္တလေး-စစ်ကိုင်း-မုံရွာမြို့ များကို ဖြတ်သန်းပြီး အရှည်အား ဖြင့် ၁၇၂ ကီလိုမီတာ အရှည်ရှိပြီး ယင်းဖိုင်ဘာ ဆက်ကြောင်း ချိတ် ဆက်ခြင်းအားဖြင့် စစ်ကိုင်း၊ကချင်၊ ချင်းပြည်နယ် တို့အထိ သက်ရောက် စေမည်ဖြစ်သည်ဟုလည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရ သည်။
လက်ရှိအချိန်တွင် ဖိုင်ဘာ ကေဘယ်လ်ခင်းသည့် လုပ်ငန်း များ ပြီးစီးပြီး လိုအပ်သည့်Transmission Equipment တပ် ဆင်ခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်သောကြောင့် လာမည့် ဧပြီလ ၉ ရက်နေ့အမီ အဆိုပါ ဆက် ကြောင်းပေါ်မှ 160 GB ပမာဏ ရှိSdvoice နှင့် Data များဖြတ်သန်း သယ်ဆောင်နိုင်မည် ဖြစ်သည်ဟု သိရသည်။
ဈေးကွက်အတွင်းက မိုဘိုင်း ဖုန်း အရောင်းဆိုင် တစ်ဆိုင်က " အသစ်ချပေးမယ့်WCDMA ဖုန်းတွေမှာ လက်ရှိက အင်တာ နက် ပါမပါတော့ မသိသေးဘူး။ ပြန်လျှောက် ရမယ်လို့လည်း ကြား ရတယ်။ သေချာတော့ မသိရပါဘူး။ ချပေးမယ်ဆိုရင်လည်း ကောင်းပါ တယ်။
သူက 3G စနစ်မှာ သုံးနိုင် မှာဆိုတော့ ကောင်းမယ်လို့ ထင်ပါတယ်။ ဂျီအက်စ်အမ် ဆိုရင်တော့ EDGE ပဲသုံးရမှာပါ။ ထပ်လျှောက် မယ်ဆိုရင် ထပ်ပြီး ပိုက်ဆံ ပေးရမ ပေးရဆိုတာလည်း မသေချာသေး ပါဘူး" ဟု ပြောသည်။
ဖုန်းဖြင့် အင်တာနက် အသုံးပြုလိုသူတစ်ဦးက " ဖုန်းပေါ်မှာ အင်တာနက် သုံးလို့ရမယ်ဆို ရင် တော့ ကောင်းပါတယ်။ ဒါပေမယ့် speed မြန်မှ အဆင်ပြေမှာပါ။ ဖုန်းနဲ့ အင်တာနက် သုံးတာဆိုတော့ အမြန်နှုန်းကို မြန်မြန်ရတော့ ပို ကောင်းတာပေါ့။ ရရင်တော့ သုံး မှာပါ။WCDMA က ပိုကောင်း တယ်လည်း ပြောတော့ အဲဒီဖုန်းအ မျိုးအစား ဝယ်ရင်ကောင်းမယ် လို့လည်း စဉ်းစားထားတယ်" ဟု သူ၏ အမြင်ကိုပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် မိုဘိုင်းဖုန်းများတွင် အင် တာနက်သုံးစွဲနိုင်ခွင့် ချထားပေးရာ တွင် စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟဇ် ဖုန်းများတွင် စတင်ချထား ပေးခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ဂျီအက်စ် အမ်ဖုန်းများတွင်လည်း ချထားပေး ခဲ့သည်။ http://www.yoyarlay.com/

0 comments:
Post a Comment