http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 Mar 2012

လေယာဉ်လက်မှတ်များ ယခင်ဈေးအတိုင်း ပြန်ရောင်းမည်

ပြည်တွင်း ခရီးစဉ်များ ပြေးဆွဲ ပျံသန်းနေသည့် လေကြောင်းလိုင်း လက်မှတ်ဈေးနှုန်းများကို မတ်လ ၁ ရက်နေ့မှ စတင်၍ ဈေးနှုန်းများကို တိုးမြှင့် ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်တွင်း လေကြောင်းလိုင်း လက်မှတ် အရောင်းဌာနများထံမှ အသိပေးပြီး ၆ ရက်ခန့် အကြာတွင် ယခင်မူလဈေးများ အတိုင်း ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်တွင်း လေကြောင်းလိုင်း အရောင်းဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ စွမ်းအင်ဝန်ကြီးဌာနက လေကြောင်းလိုင်းများ အတွက် လေယာဉ်ဆီကို ရောင်းဈေးနှုန်း အရှင်ဖြင့် ရောင်းချမည့် အစီအစဉ်ကို တစ်ပတ်အတွင်း ပြန်လည် ပယ်ဖျက်ကာ တစ်ဂါလန် ၂၅၀၀ ကျပ်ဖြင့် မတ်လ ၆ ရက်တွင် ယခင်အတိုင်း ပြန်လည် ရောင်းချမည်ဟု တရားဝင် သတင်း ထုတ်ပြန်လိုက်ပြီး နောက်ပိုင်း ယင်းကဲ့သို့ ဈေးနှုန်းများ ပြန်လည်ပြင်ဆင် လျှော့ချလိုက်ခြင်းလည်း ဖြစ်သည်။ “စွမ်းအင်ဝန်ကြီးဌာနက အရင်ဈေးအတိုင်း ပြန်ရောင်းမယ်ဆိုတဲ့ အတွက် လေယာဉ်လက်မှတ် ဈေးကိုလဲ အရင်အတိုင်းပဲ ပြန်ရောင်းတာပါ” ဟု အမည်မဖော်ပြလိုသည့် ပုဂ္ဂလိက လေကြောင်းလိုင်း ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ပြည်တွင်း လေကြောင်းလိုင်း အချို့သည် လေယာဉ်လက်မှတ် ဈေးနှုန်းများကို ကျပ် ၁၈,၀၀၀၊ ၁၂,၀၀၀၊ ၇,၀၀၀ စသဖြင့် ခရီးစဉ်အလိုက် မတ်လ ၁ ရက်နေ့မှ စတင်၍ ဆီဈေးနှုန်းအတွက် ထပ်ဆောင်း ကောက်ခံမည်ဟု ထုတ်ပြန်ထားပြီး နိုင်ငံခြားသားများအတွက် ၁၀ ဒေါ်လာ၊ ၁၅ ဒေါ်လာ၊ ၂၅ ဒေါ်လာစသဖြင့် ထပ်ဆောင်း ကောက်ခံမည်ဟု အသိပေး ထုတ်ပြန်ခဲ့သည်။ မြန်မာ့ခရီးသွား လုပ်ငန်းအနေဖြင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ တည်းခိုရန် ဟိုတယ်ခန်း လုံလောက်မှု မရှိသော ပြဿနာဖြင့် ရင်ဆိုင်နေရချိန် ရုတ်တရက် လေယာဉ်လက်မှတ် ဈေးနှုန်းများ တက်လာခြင်းကို ထပ်မံ ရင်ဆိုင်နေရပြီး ယခုကဲ့သို့ ပြင်ဆင်ပေးလိုက်မှုသည် အထူး အကျိုးများစေနိုင်သည်ဟု ခရီးသွား လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်များကို မြန်မာ့လေကြောင်း အပါအဝင် ရန်ကုန် အဲဝေး၊ အဲပုဂံ၊ အဲမန္တလေး၊ အေးရှားဝင်း၊ အဲကမ္ဘောဇ လေကြောင်းလိုင်းများက ပြေးဆွဲနေလျက် ရှိသည်။
http://www.thithtoolwin.com/2012/03/blog-post

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif