http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

ဒါရိုက်တာ ၀ိုင်းရဲ့ New Paper (စာမျက်နှာသစ်

The Rays of Light Journal No. 696, Page 20
အလင်းတန်းဂျာနယ် အမှတ်စဉ် ၆၉၆ စာမျက်နှာ ၂၀ မှ
Ban That Scene (အဲဒီ အခန်းဖြတ်) ဆိုတဲ့ ဇာတ်လမ်းတိုနဲ့ ပရိသတ် ထောက်ခံ အားပေးမှု အပြည့်အ၀ ရရှိခဲ့တဲ့ ဒါရိုက်တာ ၀ိုင်းက မတ်လ ၁၃ ရက်ကနေစပြီး " New Paper" ကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ လတ်တလောမှာ အကယ်ဒမီ ပြေတီဥိး၊ မိုးဟေကို၊ ၀တ်မှုံရွှေရည်တို့ အဓိက သရုပ်ဆောင်ထားတဲ့ Made in Heart (နှလုံးသားဖြင့် ပြုလုပ်သည်) ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေရတာမို့ New Paper (စာမျက်နှာ သစ်) ကို အာရုံ မစိုက်နိုင်သေးပေမဲ့ ရိုက်ကူးဖို့အတွက် အစစအရာရာ ပြင်ဆင်ပြီးသွားပြီလို့ ဒါရိုက်တာ ၀ိုင်းက ဆိုပါတယ်။ အဲဒီ Documentary ရိုက်ကူးပြီးသွားတဲ့ အချိန်မှာလည်း ကမ္ဘောဒီယားနိုင်ငံကို ဧပြီလ ၃ ရက်ကနေ ၁၁ ရက်အထိ သွားပြီး Editing လုပ်ရမယ်လို့ ဒါရိုက်တာ ၀ိုင်းက ပြောပါသေးတယ်။ ရုပ်ရှင်လောကသား တဦး ဖြစ်ပေမဲ့ စာနယ်ဇင်းတွေအတွက် မှတ်တမ်းလေးတခု ဖြစ်စေချင်တာမို့ New Paper (စာမျက်နှာသစ်) ဆိုတဲ့ Documentary ကို ရိုက်ကူးဖို့ ပြင်ဆင်ဖြစ်တာဆိုတဲ့ ဒါရိုက်တာ ၀ိုင်းက ”အခု ရိုက်မှာက New Paper (စာမျက်နှာသစ်) ပေါ့။ ကျွန်တော်တို့ နိုင်ငံအတွက် စာမျက်နှာသစ် လိုအပ်တယ်လေ။ လောလောဆယ်မှာ ကျွန်တော်တို့နိုင်ငံက ထိန်းကွပ်ထားတဲ့ ဒီမိုကရေစီ စနစ်နဲ့ သွားနေတယ်ဆိုတော့ ထိန်းကွပ်ထားတဲ့ ဒီမိုကရေစီစနစ်မှာ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတာက အရေးကြီးတယ်လို့ ကျွန်တော် ထင်တယ်။ အဲဒါကြောင့် New Paper (စာမျက်နှာသစ်) ရိုက်ဖို့ ကျွန်တော် ဆုံးဖြတ်ဖြစ်တာပါ။ အဲဒီ Documentary ကို သမိုင်း အထောက်အထား၊ အကိုးအကား အပြည့်အစုံနဲ့ တကယ့် ဖြစ်ရပ်မှန်တွေကို အခြေခံပြီး ကျွန်တော် ရိုက်ကူးမှာပါ။ ရိုက်ပြီးသွားရင် မြန်မာနိုင်ငံမှာ အကြမ်း တည်းဖြတ်ပြီးတော့ ကမ္ဘောဒီးယားမှာ အချော တည်းဖြတ်မှုတွေ သွားလုပ်ကြမယ်။ မြန်မာနိုင်ငံကို ပြန်ရောက်ရင် သီးသန့်ပြပွဲ လုပ်ရင် လုပ်မယ်။ ဒါမှမဟုတ် မင်္ဂလာပါ ဒီမိုကရေစီမှာ ပြဖြစ်မယ်။ ပြီးတော့ တခြား ပြည်ပပြိုင်ပွဲတွေမှာလည်း ပြိုင်ဖြစ်ချင် ပြိုင်ဖြစ်မယ်။ အဲဒါတွေကတော့ New Paper အတွက် ကျွန်တော် စဉ်းစားထားတဲ့ အပိုင်းတွေပါ” လို့ ပြောပါတယ်။ New Paper (စာမျက်နှာသစ်) ဆိုတဲ့ Documentary ရိုက်ကူးဖို့အတွက် အကယ်ဒမီ ခန့်စည်သူ၊ မြင့်မြတ်တို့နဲ့ ရိုက်ကူးမယ့် ဗီဒီယိုဇာတ်ကား နှစ်ကား လက်လွှတ်လိုက်တဲ့ အကြောင်းကိုတော့ ဒါရိုက်တာ ၀ိုင်းက ”ကျွန်တော် အခုရိုက်နေတဲ့ Made in Heart (နှလုံးသားဖြင့် ပြုလုပ်သည်) ရုပ်ရှင် ဇာတ်ကားက မတ်လ ၁၁ ရက်လောက်မှ ပြီးမှာဆိုတော့ ဧပြီလ ၃ ရက် ကမ္ဘောဒီးယား မသွားခင်အထိ ရက်ပေါင်း နှစ်ဆယ်လောက်ပဲ အချိန်ရတယ်။ အဲဒီ အချိန်အတွင်းမှာ ဗီဒီယို ဇာတ်ကား နှစ်ကားကို သံယောဇဉ် တွယ်နေရင် ကျွန်တော်ရဲ့ Documentary ကို သေချာ အာရုံ မစိုက်နိုင်မှာ စိုးရိမ်တယ် လေ။ အဲဒါကြောင့် အဲဒီ ရက်ပေါင်း နှစ်ဆယ်အတွင်းမှာ Documentary ကိုပဲ သေချာ အာရုံစိုက် အချိန်ပေးဖို့ ကျွန်တော် စဉ်းစားထားတယ်” လို့ ပြောပါတယ်။ ဒါရိုက်တာ ၀ိုင်းက ၂၀၁၀ ပြည့်နှစ်မှာ People Magazine က ချီးမြှင့်တဲ့ Audience Choice ဆု ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ Ban That Scene ဆိုတဲ့ ဇာတ်လမ်းတိုနဲ့ The Art of Freedom ပြိုင်ပွဲမှာ ၀င်ပြိုင်ရာက Audience Choice ဆိုကို ရရှိခဲ့တာပါ။ ၂၀၁၂ ခုနှစ်အတွက်လည်း အခုကတည်းက ကြိုတင် အိမ်မက်ထားတာလေးတွေ ရှိနေပြီး အဲဒီ အိမ်မက် အကောင်အထည် ပေါ်လာအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ဒါရိုက်တာ ၀ိုင်းက ပြောပါသေးတယ်။http://www.burmatoday.net/enews

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif