http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

၂၀၁၂ မတ်လ ၂၂ ရက်နေ့ (၁၃၇၃ ခု၊ တပေါင်းလကွယ်နေ့) မွန်းလွဲ ၁ နာရီက ဆက်လက် ချုပ်နှောင်ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ရည်ရွယ်တဲ့ ၀တ်ပြုဆုတောင်းပွဲတခုကို မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ရှေ့မှောက်တွင် ကျင်းပခဲ့ပါတယ်။ ထို ဆုတောင်းပွဲကို ဦးပဉ္ဖင်း ဦးဝီရသူ (မစိုးရိမ်) က ဦးဆောင်တာ ဖြစ်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခဲ့သူများနဲ့ မလွတ်မြောက်သေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများရဲ့ မိသားစုများ စုစုပေါင်း အင်အား ငါးရာခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထို ဆုတောင်းပွဲ ပြုလုပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်ကို အကြောင်းကြားခဲ့ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ သံဃာ့အဖွဲ့များအား အကြောင်းကြားခဲ့ရာ ဆူပူမှု ဖြစ်ပွားမှာ စိုးရိမ်တဲ့ မန္တလေးတိုင်း သံဃာ့အဖွဲ့က ခွင့် မပြုခဲ့ကြောင်း၊ ဆုတောင်းပွဲကို အာဏာပိုင်က မှတ်တမ်းတင်တာကလွဲပြီး အနှောင့်အယှက် မပေးခဲ့ကြောင်း သိရပါတယ်။
20120323 Mandalay Strike
20120323 Mandalay Strike
20120323 Mandalay Strike
20120323 Mandalay Strike
20120323 Mandalay Strike
ဓါတ်ပုံသတင်း - နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု ဦးဝီရသူ (မစိုးရိမ်) - Mar 23 2012 02:32 AM EST             http://burmatoday.net/news.php?news_ID=157

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif