http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

မသေခင် သုတ္တန် (၁)

မြတ်စွာဘုရားရှင်က “မသေခင်သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘဝ အရည်အသွေးတွေကို တစုတဝေးတည်း ဟောကြားထားပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝမကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ် ဟူ၍ မြတ်စွာဘုရားရှင် ဟောကြားခဲ့သည်။
၁၇၊ ၃၊ ၂၀၁၂ ရက်နေ့ မွန်းလွဲ (၁၂း၃၀) နာရီတွင် ကွယ်လွန်သွားရှာသော ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြကန်သာ (၅) လမ်းနေ ဦးလှမြင့် (မနောမယပတ္တမြား) ရုံးအဖွဲ့မှူး (ငြိမ်း)၊ (ပညာရေးဝန်ကြီးဋ္ဌာန၊ ရထားပို့ ဆောင်ရေးဝန်ကြီးဋ္ဌာန) ဒေါ်သန်းနွဲ့၏ သမီးကြီး ဒေါ်ကြည်ကြည်ဆွေ B.Sc (Chem:) ဘုရားရဟန်းသိမ်၊ ကျောင်း ဒါယကာမကြီး အသက် (၄၇) နှစ်၏ ကျန်ရစ်သော ခန္ဓာကိုယ်အား နာရေးကူညီမှုအသင်း (ရန်ကုန်) က Cool Box ဖြင့် အသုဘရှုရန် နေအိမ်တွင်အသုံးပြု ထားရှိပေးခဲ့သည်။ ကွယ်လွန်သူ ဒေါ်ကြည်ကြည်ဆွေ၏ ရုပ်ကလာပ်အား နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်း သား/သူများမှ သွားရောက် ကြည့်ရှုရာ ခန္ဓာကိုယ်သည် ပျော့ပျောင်းစွာ ရှိနေသည်ကို ထူးခြားစွာ တွေ့မြင်ခဲ့ရသည်။ နာရေးရှင်များ၏ ဆန္ဒ၊ ကွယ်လွန်သူ၏ ဆန္ဒအရ အလှူငွေ (၁၀) သိန်းကျပ်တိတိအား လှူဒါန်းခြင်းကို ကွယ်လွန်သွားရှာသော ဒေါ်ကြည်ကြည်ဆွေ၏ လက်မှတဆင့် ပေးအပ်လှူဒါန်းမှုကို ပြုခဲ့ရာတွင် လည်း ခန္ဓာကိုယ်သည် ပျော့ပြောင်းစွာ တည်ရှိနေသည်ကို ထူးခြားစွာ တွေ့ရသည်။
၁၉၊ ၃၊ ၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုံဟ်ခြင်း အခမ်းအနားကို ပြုလုပ်ရာတွင် နေအိမ်မှ နံနက် (၈း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် စတင်ထွက်ခွာခဲ့ပြီး ရေဝေးသုဿန်ခန်းမ၌ အသုဘရှုအခမ်းအနားအား ကျင်းပခဲ့ရာ ဆွေမျိုးမိတ်သင်္ဂဟများ၊ တပည့်သားသမီးများ၊ မိသားစုများနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများက စည်ကားသိုက်မြိုက်စွာ လာရောက် အားပေးစကားများပြောကြားခြင်း၊ အသုဘရှုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
20120323 FFSS (RGN)
20120323 FFSS (RGN)
20120323 FFSS (RGN)
20120323 FFSS (RGN)
20120323 FFSS (RGN)
ဓါတ်ပုံသတင်း - နာရေးကူညီမှုအသင်း (ရန်ကုန်) ဒေါ်ကြည်ကြည်ဆွေ - Mar 23 2012 12:38 AM EST  http://burmatoday.net/news.php?news_ID=155  

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif