http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

လူထုက ရွေးချယ်တဲ့ ဘယ်သူကိုမဆို ကျွန်တော်တို့ ကြိုဆိုမှာပဲ


လူထုက ရွေးချယ်တဲ့ ဘယ်သူကိုမဆို ကျွန်တော်တို့ ကြိုဆိုမှာပဲပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် တွေ့ဆုံခြင်း
၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အများစုအနိုင်ရရှိခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ကြားဖြတ် ရွေးကောက် ပွဲတွင် မဲဆန္ဒနယ် ၄၀ နေရာအတွက် ရလဒ်ကြေညာပြီးသည့်အချိန်အထိ တစ်နေရာမှ အနိုင်မရရှိသေးပေ။ ကနဦးရရှိသော သတင်းများ အရ ဧပြီ ၁ ရက်တွင် ကျင်းပသော မဲဆန္ဒနယ် ၄၅ နေရာစလုံး၌ ပြည်ခိုင်ဖြိုးပါတီမှာ ရှုံးနိမ့်ရန် များနေသည်။ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဧပြီ ၃ ရက်နံနက်ပိုင်းတွင် တယ်လီဖုန်းမှ တစ်ဆင့် တွေ့ဆုံမေးမြန်း ထားသည်များကို စာဖတ်ပရိသတ် အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
မေး-ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် တွေ သိသိချင်း အံ့သြမိပါ သလား?
အမှန်အတိုင်းပြောမယ်ဆို ရင်တော့ အားလုံးဆိုတာ ကိုတော့ အံ့သြတာပေါ့ဗျာ။ ထိုက်သင့်တဲ့ နေရာတွေ ရှိမယ်ဆိုတာ နဂိုက တည်းက မျှော်လင့် ပါတယ်။
မေး-၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ အများစု အနိုင်ရခဲ့ပေမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ တစ်နေရာမှ မရတဲ့အပေါ်မှာ ဘယ်လိုသုံး သပ်ပါသလဲ?
ဝင်ပြိုင်တဲ့ပါတီတွေမှာ ကိုယ်ပိုင်စွမ်းရည်တွေ ရှိတယ်။ ပြည်သူကို အကျိုးပြုလုပ်ငန်းတွေ ကို လုပ်တယ်ဆိုတာကတော့ ကျွန်တော်တို့လုပ်နိုင်တာပေါ့။ ဒါ ကတော့ ကျိန်းသေပါတယ်။ ကျန် တဲ့ပါတီတွေအားလုံးကတော့ အ ကျိုးပြုလုပ်ငန်းတွေမှာ ကျွန်တော် တို့လောက် မလုပ်နိုင်ဘူး။ ဒါဟာ ပထမတစ်ချက်ပေါ့။ ဒုတိယတစ် ချက်ကတော့ ကိုယ်စားလှယ်တွေ ပေါ့။ ကိုယ်စားလှယ်တွေဆိုတာ ပါတီရဲ့ လမ်းစဉ်တွေကိုအကောင် အထည်ဖော်ရတာ။ ကိုယ်စား လှယ်တွေအပိုင်းကို ကြည့်မယ်ဆိုရင် လည်း ကျွန်တော်တို့ ကိုယ်စား လှယ်တွေကတော့ ပြည်သူတွေ အကျိုးရှိမယ့် လုပ်ငန်းတွေကို အ ကောင်အထည် ဖော်နိုင်ပါတယ်။ အကုန်လုံး ပြည့်ပြည့်စုံစုံ မဟုတ် သော်လည်းဘဲ တော်တော်များ များကတော့ အကောင်အထည် ဖော်ပေးနိုင်တဲ့ အနေအထား ရှိ ပါတယ်။ တခြားပါတီကိုယ်စား လှယ်ပိုင်းတွေထဲမှာလည်းပဲ တချို့ က သိပ်ထင်ရှားတာပေါ့။ ကျန် တဲ့ကိုယ်စားလှယ်တွေကတော့ လူ တွေသိပ်ပြီး မသိကြဘူးလို့ ကျွန်တော် ထင်တယ်။ သို့သော်လည်းပဲ အဲဒီ အားသာချက်တွေလည်း ရှိတာ ပေါ့။ တတိယကတော့ လူထုရဲ့ စိတ်ခံစားမှုပေါ့။ တချို့ပါတီတွေက ကျွန်တော်တို့ထက် ပိုပြီးတော့မှ စိတ်လှုပ်ရှားမှုဖြစ်အောင် လုပ်နိုင် တာပေါ့ဗျာ။ ကားတွေနဲ့သွားတာ၊ အလံတွေ ထူတာ၊ လူတွေနဲ့ ပြော ကြ၊ ဆိုကြ၊ သွားကြ၊ လာကြဆို တဲ့နေရာတွေမှာတော့ ကျွန်တော် တို့က သူတို့လောက် မလုပ်နိုင်ဘူး ဗျ။ နောက်မီဒီယာထဲမှာ ပါတာ တွေ ကျွန်တော်တို့က မလုပ်နိုင် ဘူး။ မီဒီယာဆိုတာ ပြည်တွင်း ကော၊ ပြည်ပကော။ ပြည်တွင်း၊ ပြည်ပမီဒီယာတွေမှာ ကျွန်တော် တို့က နည်းတာပေါ့။ တခြား မမြင် နိုင်တဲ့စွမ်းအင်တွေလည်း ရှိပါ လိမ့်မယ်။ ဒါကြောင့်လည်း နိုင် တာပေါ့။ ဒါတွေကတော့ ကျွန်တော် တို့ မသိနိုင်ဘူးလေ။ ကျိန်းသေတာ ကတော့ အားသာချက်ရှိလို့ နိုင် တာပါပဲ။
မေး-နိုင်ငံရေးလေ့လာသူ တချို့က ပြောတာကပါတီကြီးတွေအနေနဲ့ နိုင်တဲ့အခါမှာ ရှုံးတဲ့ပါတီကို စာနာနားလည်တတ် ဖို့လိုသ လို ရှုံးတဲ့အခါမှာလည်း အရှုံး ကို လက်ခံတတ်တဲ့ရင့်ကျက်မှု တွေလိုတယ်လို့ ဆိုပါတယ်။ အ ခုကြားဖြတ်ရွေးကောက်ပွဲ က နေပြီးတော့ ပြည်ခိုင်ဖြိုးပါတီ ရခဲ့တဲ့သင်ခန်းစာကဘာများဖြစ် မလဲ?
ပထမဆုံးကတော့ ကြား ဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျွန်တော်တို့ပါတီရဲ့ သဘောထား ရှင်းပြပါမယ်။ ၂၀၀၃ ကနေ စပြီး တော့ လက်ရှိကျင့်သုံးနေတဲ့ အဆင့်၇ဆင့်ရှိတဲ့ လမ်းပြမြေပုံ နိုင်ငံ ရေးလမ်းစဉ်ကို ကျွန်တော်တို့ယုံ တယ်။ ယုံတဲ့အတိုင်းလဲပဲ ကျွန်တော် တို့ဖြစ်အောင် အကောင်အထည် ဖော်တယ်။ ပါတီတစ်ခု တတိယ တာဝန်ဖြစ်တဲ့ ကိုယ်ယုံကြည်နေ ရုံနဲ့လည်း မပြီးဘူး။ ကိုယ်လုပ်နေ ယုံနဲ့လည်း မပြီးဘူး။ ကျန်တဲ့ပြည် သူတွေလည်း ပါရမယ်။ ပြည်သူ တွေဆိုတဲ့အထဲမှာ ပါတီတွေ လည်း ပါတာပေါ့။ ဒီနေ့ ကျွန်တော်ရုံတဲ့ လုပ် ငန်းစဉ်ကို ကျန်တဲ့ပါတီတွေ အား လုံးက ၀ိုင်းပြီးတော့ ဆောင်ရွက် လာကြတဲ့အတွက် ကျွန်တော်တို့ ပျော်တာပေါ့။ ကျွန်တော်တို့ ၀မ်းသာတာပေါ့။ နိုင်တယ်၊ ရှုံး တယ်ဆိုတာကတော့ တစ်ခုမဟုတ် တစ်ခုရှိမှာပဲ။ ရလဒ်နဲ့ပတ်သက်လို့ လည်း ဒါက ပြည်သူတွေရဲ့ အ ဆုံးအဖြတ်ပဲလေ။ ကျွန်တော် တို့က ကျေကျေနပ်နပ် လက်ခံရ မှာပေါ့။ ဒါကြောင့် ကျွန်တော် တို့ပါတီအနေနဲ့ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ပတ်သက်လို့ ဒါက မတရားဘူး၊ တရားမျှတဲ့ရွေး ကောက်ပွဲ မဖြစ်ဘူးလို့ ကျွန်တော် တို့ မပြောပါဘူး။ ရွေးကောက်ပွဲမှာ ရတဲ့ ရလဒ်ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့တွေ ဘာလုပ်ကြ မလဲဆိုရင် လုပ်ရမယ့် ကိစ္စရပ်က တော့ ပိုပြီးတော့မှ ပြည်သူတွေ အကျိုးရှိအောင် လုပ်ပေးရမှာ ပေါ့။ ပြည်သူတွေ အကျိုးရှိတဲ့ ကိစ္စရပ်တွေကို နားလည်အောင် လုပ်ရမှာပေါ့။ တချို့လုပ်သော် လည်းပဲ နားမလည်နိုင်တဲ့ကိစ္စရပ် တွေ ရှိပါတယ်။ လက်ရှိလုပ်နေ ပေမယ့် ရေရှည်ကျမှ အကျိုးခံ စားပြီး နားလည်လာတာတွေလည်း ရှိမှာပေါ့။ ကျွန်တော်တို့ လုပ်လက် စတွေနဲ့ပတ်သက်လို့တော့ မလျှော့ ပါဘူး။ အကုန်လုံး ပြီးပြတ်အောင် လုပ်မှာ။ အခုအနိုင်ရသော ပါတီ က ကိုယ်စားလှယ်များအနေနဲ့ လည်း ပါတီအနေနဲ့ရော၊ သူတို့ လည်းဝိုင်းပြီးလုပ်ကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ပိုပြီး ပြည် သူတွေ အကျိုးရှိတာပေါ့ဗျာ။ ဒီလို ပဲ ကျွန်တော်သဘောထားပါ တယ်။
မေး-အထွေထွေအတွင်းရေး မှူးကိုယ်တိုင်က လွှတ်တော် ကိုယ်စားလှယ်ဖြစ်တော့ လွှတ် တော်ထဲ ဒေါ်အောင်ဆန်းစု ကြည် ရောက်လာတဲ့အပေါ် ဘယ်လိုများ သဘောထားပါ သလဲ?
ကျွန်တော်တို့က လွှတ်တော် စနစ်ကို ယုံတယ်။ ပါတီစုံစနစ်ကို ယုံတယ်။ ဒီမိုကရေစီ စနစ်ကို ယုံ တယ်။ အဲဒီအတွက် အထွေထွေ ရွေးကောက် ပွဲတွေ မှာ ပြည်သူက နေ အဆုံးအဖြတ်ပေးတာကိုလည်း ကျွန်တော်တို့ လက်ခံရမှာပေါ့။ လူ ထုက ရွေးချယ်ပြီး လွှတ်တော်ထဲ ရောက်လာတယ်ဆိုရင် ဘယ်သူ့ ကိုမဆို ကျွန်တော်တို့ ကြိုဆိုမှာပဲ။ ဘယ်သူ့မဆို၊ ဘယ်ပါတီကမဆို ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် အနေနဲ့ သဘောထားပါတယ်။ ကြိုဆိုပါတယ်။
မေး-ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ ဘာများမှတ်ချက်ပေးချင်ပါ သလဲ? ကျွန်တော်ထင်ပါတယ်။ တရားမျှတပါတယ်။ လွတ်လပ်ပါ တယ်။ ပြည်ပက လာတဲ့မီဒီယာ တွေ၊ ပြည်ပကနေလာတဲ့ လေ့ လာသူတွေလည်း သိမယ်လို့ ကျွန်တော်ထင် ပါတယ်။
မေး-ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပါတီ လုပ်ဆောင်ချက်တွေ လူတွေပို သိအောင်၊ လူတွေ အကျိုးရှိ မယ့်ကိစ္စတွေ ပိုသိအောင် လုပ် မယ်ဆိုတာက ပါတီရဲ့ ရှေ့လုပ် ငန်းစဉ်တွေပါလား?
ဒါက ရွေးကောက်ပွဲတစ်ခု တည်းအတွက်တင် မဟုတ်ပါဘူး။ ကျွန်တော်တို့ ပါတီရဲ့အလုပ်က ပြည်သူတွေအကျိုးရှိအောင် လုပ် ပေးဖို့ပဲလေ။ ကျွန်တော်တို့ လုပ်နေ ကျ လုပ်ငန်းတွေအားလုံးကို ဒီ ၄၅ နေရာအတွက်တင် မဟုတ်ဘဲနဲ့ ကျန်တဲ့ဒေသတွေမှာ ရှိတဲ့ မပြီး ပြတ်တဲ့ လုပ်ငန်းတွေကိုလည်း ကျွန်တော်တို့ ဆက်လုပ်နေမှာပဲ။ ခု ၄၅ နေရာလုံး မနိုင်ရင်လည်း ဒီနေရာတွေကို လုပ်ပေးမှာပဲ။ နိုင်လို့ ရှုံးလို့ဆိုတာ အရေးမကြီး ဘူး။ အရေးကြီးတာက ပြည်သူ တွေ အကျိုးရှိအောင် လုပ်နိုင် သလား၊ မလုပ်နိုင်သလားဆိုတာ ပဲ အရေးကြီးတယ်။ ဒီလိုလုပ်တဲ့ လုပ်ငန်းတွေအပေါ်မှာ ပြည်သူ တွေ နားလည်လာအောင်တော့ ထပ်ရှင်းပြဖို့ လိုမယ်လို့ ကျွန်တော် ထင်ပါတယ်။
မေး-၂၀၁၀ ရွေးကောက်ပွဲအ ပြီး ကန့်ကွက်မှုတွေ အများဆုံး လုပ်တာက ပြည်ခိုင်ဖြိုးပါတီ က ကိုယ်စားလှယ်တွေဖြစ် တယ်။ ကြားဖြတ်ရွေးကောက် မှာရော ပါတီကိုယ်စားလှယ် လောင်းတွေက ကန့်ကွက်တာ တွေ ရှိနိုင်ပါသလား?
ယေဘုယျအားဖြင့်တော့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအပေါ်မှာ ကျွန်တော်တို့ လက်ခံရမှာပေါ့။ သို့သော်လည်း ပဲ မဲရုံ တစ်ရုံစီ၊ တစ်ရုံရဲ့ အခြေ အနေတွေတော့ ကျွန်တော်တို့ မသိသေးဘူး။ တကယ်လို့ ကော် မရှင်ထုတ်ပြန်ထားတဲ့ စည်းကမ်း နဲ့မညီဘူး ဆိုရင်တော့ လည်း ဖြစ် ကောင်း၊ ဖြစ်နိုင် တာပေါ့။ ဖြစ်ချင် လည်း ဖြစ်မယ်၊ ဖြစ်ချင် မှလည်း ဖြစ်မယ်။
မေး-ဘာများဖြည့်စွက် ပြော ချင်ပါသလဲ?
ပါတီဆိုတာ ပြည်သူ့အတွက် ပါပဲ။ ပြည်သူ့အတွက်ကို ကြိုးပမ်း ဆောင်ရွက်မယ့် ပါတီတွေ၊ စိတ် ကောင်းစေတနာမှန်နဲ့ ပြည်သူကို အကျိုးရှိအောင် ၀ိုင်းလုပ် တဲ့သူ တွေအားလုံးကို ကျွန်တော်တို့ ကြို ဆိုပါတယ်။ ကျွန်တော်တို့လည်း ဆက်ပြီး ကြိုးစားနေဦးမှာ ဖြစ်ပါ တယ်။ ကျေးဇူးတင်ပါတယ်။ 
http://www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif