http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

4 Apr 2012

ဩစတြေးလျ ကျောင်းသား ဗီဇာစနစ်သစ် အရ မြန်မာကျောင်းသားများ ဗီဇာ လွယ်ကူလာနိုင်


ဩစတြေးလျ ကျောင်းသား ဗီဇာစနစ်သစ် အရ မြန်မာကျောင်းသားများ ဗီဇာ လွယ်ကူလာနိုင်ဩစတြေးလျ ကျောင်းသား ဗီဇာ လျှောက်ထား ရာတွင် ပိုမိုမြန် ဆန်ပြီး ဗီဇာ ရရှိရန် အထောက်အကူ ပြုနိုင်သော Streamlined Visa စနစ်သစ်ကို မတ်လ ၂၄, ၂၆ ရက်များ တွင် စတင် အကောင် အထည်ဖော် သုံးစွဲမည် ဖြစ်ရာ အဆိုပါ စနစ်အရ မြန်မာ ကျောင်းသားများ ဗီဇာ ရရှိမှု ပိုမိုလွယ်ကူ လာနိုင်မည် ဖြစ်ကြောင်း သိရပါ သည်။
အဆိုပါ စနစ်သည် ဩစတြေးလျ ကျောင်းသား ဗီဇာပြုပြင် ပြောင်းလဲမှု၏ ဒုတိယအဆင့် ဖြစ်ပြီး ထုတ်ပြန် ကြေညာချက်တွင် နိုင်ငံတကာ ပညာရေးသည် ဩစတြေးလျ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးပါ သည့်အပြင် နိုင်ငံ တကာနှင့် ဆက်ဆံရေး အခန်းကဏ္ဍ များတွင်လည်း အရေးပါကြောင်း၊ ဩစတြေးလျ နိုင်ငံ အနေဖြင့် နိုင်ငံတကာ ကျောင်းသားများကို အကောင်းဆုံး အထောက်အပံ့ ပေးသွားရန် ရည်ရွယ် ကြောင်း ဖော်ပြပါရှိပါသည်။
မတ်လ ၂၄ ရက် နောက်ပိုင်း ဗီဇာ လျှောက်ထား တဲ့ ကျောင်းသား တွေဟာ အခု အသစ် ထုတ်ပြန်လိုက်တဲ့ "Streamlined Visa" အစီအစဉ်နဲ့ အကျုံးဝင် နိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်က Assessment Level (3) လို့ခေါ်တဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး စွန့်စားမှုမြင့်တဲ့ တိုင်းပြည်စာရင်းထဲမှာ ပါတဲ့ အ တွက် ဗီဇာ လျှောက်ထားတဲ့ အခါ ပိုပြီး တင်းကျပ် ပါတယ်။
ဒအခုစနစ် သစ်အရ မြန်မာနိုင်ငံက ကျောင်း သားတွေဟာ Assessment Level 3 ထဲမှာ ပါပေမယ့် တက္ကသိုလ်တွေ ရွေးချယ်လျှောက်ထားရင် Lower Migration Risk ထဲမှာ အကျုံး ဝင်တဲ့ အတွက် ဗီဇာရဖို့ ပိုမိုချောမွေ့လာ နိုင်ပါတယ်"ဟု Crown Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင် ကျော်ဆန်းမှ ၄င်း၏ထင်မြင်ချက်ကို ပြောကြားခဲ့သည်။
ပြောင်းလဲ လိုက်သောစနစ်အရ ကျောင်းဝင် ခွင့်လက်ခံမည့် တက္ကသိုလ်များ အနေဖြင့် မိမိတို့ လက်ခံမည့် ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျရွေးချယ် လက်ခံရန် တာဝန် ရှိလာပြီး ကျောင်းသားမှ စာရွက်စာတမ်း အတုများ၊ မမှန် မကန် စာရွက်စာတမ်းများဖြင့် တင် ပြလျှောက်ထား၍ ဗီဇာငြင်းပယ် ခံရမည်ဆိုပါက အဆိုပါတက္ကသိုလ် အား အဆင့်နှိမ့်မည်ဖြစ်ပါသည်။
ထို့အပြင် ဗီဇာ လျှောက်ထား သောအခါ ECOE (Electronic Confirmation of Enrollment) တွင် Agency နာမည် ဖော်ပြပါရှိရမည် ဖြစ်သဖြင့် စာရွက် စာတမ်းများ မမှန်မကန် တင်ပြ ခဲ့ပါက Agency အပေါ်တွင်ပါ သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း သိရသည်။ 
http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif