http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

9 May 2012

အကြောင်း အ ရာ များ မကြမ်းစေ ရန် ထိန်း ချုပ်နေရ ဆဲ ဟု ဂျောက် ဂျက် ဆို

http://popularmyanmar.com/mpaper/wp-content/uploads/2012/05/Jouk-Jack.jpg သီချင်းနှင့်ပတ်သက်၍ ရေးချင်သည့် အကြောင်းအရာများ ကြမ်းသွားနိုင်သဖြင့် ထိန်းချုပ်ပြီး ရေးနေရဆဲဖြစ်ကြောင်း ဟစ်ဟော့ပ်အဆိုတော် ဂျောက်ဂျက်က ပြောသည်။
”ပထမအခွေတုန်းကတော့ ဆင်ဆာ ငြိတာတွေ ရှိတယ်။ သိပ်မကြမ်းတာလေး တွေလည်း ငြိတယ်။ ဒီအခွေမှာတော့ အရင်အခွေလောက် မဆိုးတော့ဘူး။ ဒါပေမဲ့ သီချင်းရေးရင်တော့ အကုန်လွှတ်ပြီး ရေးလို့ မရသေးပါဘူး။ ကျွန်တော်တို့ ရေးချင်တဲ့ အကြောင်းအရာတွေက ဒီထက်လည်း ကြမ်းချင်ကြမ်းနိုင်လို့ နည်းနည်းတော့ ချုပ်ပြီးရေးရတယ်။ ခုလက်ရှိတော့ အချစ်သီချင်းလေးတွေပဲ ရေးဖြစ်တယ်။ အခုအခွေမှာ အချစ်သီချင်းက နှစ်ပုဒ်လားပဲ ပါသေးတယ်။ အဲဒါကြောင့် အရင်လုပ်ထားတဲ့ သီချင်းတွေထဲက နှစ်ပုဒ်လောက် ဖြုတ်ပြီး အချစ်သီချင်း ထပ်ထည့်မလို့ လုပ်နေတယ်”ဟု ဆိုသည်။
‘ငါသည်သာ ငါ့ပြိုင်ဘက်’ ဗီစီဒီကို အားရခဲ့သည့်ဂျောက်ဂျက်က ၄င်းပြင်နောက် တစ်ကိုယ်တော်အခွေဖြစ်သော’တိုင်းသိပြည်သိ’ အခွေကို အကောင်းဆုံးဖြစ်အောင် ပြင် ဆင်နေပြီး ခြောက်လပိုင်းတွင် ထွက်ရှိမည်ဟု ဆိုသည်။
အရင်အခွေ၌ ရော့ခ်အဆိုတော် အောင်လနှင့်တွဲပြီး ဆိုထားသည့် သီချင်းပုံစံ ဆန်းဆန်းပါရှိပြီး ယခုထွက်ရှိမည့်အခွေနှင့် ပတ်သက်၍မူ … ”အခုအခွေမှာက အဲလိုအဆန်း ပုံစံလေးတွေ မပါသေးလို့ ထပ်လုပ်နေရတယ်။ ဒီအခွေမှာက တစ်ယောက်တည်းဆိုတဲ့ သီချင်းတွေများတယ်။ အဲဒါကြောင့် ထပ်လုပ်နေတယ်။ Featuring အနေနဲ့တော့ ကျွန်တော်တို့ ပေါင်းနေတဲ့အထဲက ဘော်ဒါတွေပဲများမှာပါ။ ရသ၊ ကျော်ထွဋ်ဆွေ၊ SZ ၊ လွှမ်းပိုင် နောက်ပြီး တော်တော်များများ တော့ပါမယ်” ဟု ၄င်းက ဆိုသည်။  
http://popularmyanmar.com/mpaper/archives/42104

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif