http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 May 2012

ဗလာဒီမာပူတင် နှင့်အတူ ရုရှားကို အချိန် ကြာမြင့်စွာ အုပ်စိုးသွားမည်ဟု မက်ဗီဒက်ဗ် ပြောကြား

ဗလာဒီမာပူတင် နှင့်အတူ ရုရှားကို အချိန်ကြာမြင့်စွာ အုပ်စိုးသွားမည်ဟု မက်ဗီဒက်ဗ် ပြောကြားရုရှား သမ္မတ မက်ဗီ ဒက်ဗ်က ၄င်း၏ ဆရာ သမား ပူတင်နှင့် အတူ တွဲဖက် ညီသော ခေါင်းဆောင်မှု တစ်ခု၏ ပိုမို အားနည်းသည့် အချိတ်ဆက် တစ်ခုအဖြစ် ရှုမြင်ခြင်း ခံနေရမှု အပေါ် မိမိသည် ကနဦး ပိုင်းတွင် မခံချိမခံသာ ဖြစ်ခဲ့ ရကြောင်း သမ္မတ အဖြစ် တတိယမြောက် သက်တမ်း တစ်ခုအတွက် ပူတင်၏ မေလ ၇ ရက် နေ့ ကျမ်းသစ္စာ မကျိန်ဆိုမီ တိုင်းပြည်သို့ ပြောကြားခဲ့သည်။
သို့သော် သက်တမ်း တစ်ခု တည်းသာ တာဝန် ထမ်းဆောင် ရသည့် ရုရှား၏ သမ္မတက ၄င်းသည် မကြာမီ ၄င်းပြောဆိုချက် အပေါ် အသားကျ လာကြောင်းနှင့် ယခု အခါ ပူတင်နှင့် နိုင်ငံရေး တစ်သား တည်း ပေါင်းစည်း မိသောကြောင့် လုံးဝ သက်သောင့် သက်သာ ခံစား ခဲ့ရကြောင်း ပြောကြားသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ ထူးထူးခြားခြားမခံစားရ ဘူး။ ကျွန်တော်တို့ဟာ သေချာတဲ့ အနာဂတ်တစ်ရပ်ကိုချမှတ်ခဲ့တယ်။ ဒါကြောင့် ခင်ဗျားတို့အနေနဲ့ စိတ် ပေါ့ပေါ့ပါးပါးထားသင့်တယ်။ ဒါ တွေအားလုံးဟာ ရေရှည်ကာလ တစ်ရပ်အတွက် ဖြစ်တယ်" ဟု အင်တာဗျူးတစ်ခုတွင် မက်ဗီဒက်ဗ် က ပြောကြားခဲ့သည်။
ယခုပြောကြားချက် များကို မက်ဗီဒက်ဗ် သည် ၂၀ဝ၈ ခုနှစ်တွင် သမ္မတ အဖြစ် တာဝန် ထမ်းဆောင်ချိန်မှ စပြီး ပြုပြင်ပြောင်းလဲရေး ကိစ္စများ နှင့် ပတ်သက်ပြီး အပေါ်ယံကြော ပြောခဲ့သည် ဟူသောလစ်ဘရယ် ဝါဒီအချို့၏အတွင်း သံသယများ ကို အတည်ပြုရာ ရောက်သည်။
မက်ဗီဒက်ဗ်သည် ပူတင်နှင့် အပေးအယူ လုပ်မှု၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အာဏာရယူနိုက် တက် ရုရှားပါတီကို ဦးဆောင်ရ မည်ဖြစ်သည်။ မက်ဗီဒက်ဗ်က အာ ဏာရပါတီသည် တုံ့နှေးမှု၏ အရိပ် လက္ခဏာများကို ဖော်ပြနေကြောင်း ပြစ်တင် ဝေဖန်ခဲ့ဖူးသည်။
သို့သော် ဧပြီလ ၂၆ ရက်နေ့တွင် မက်ဗီဒက်ဗ်က သဘောထား ရပ်တည်ချက် ပြောင်းလဲခဲ့ကြသော နိုင်ငံရေး သမား များကို မှားယွင်းသည်ဟု ရှုမြင်ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။
"ကျွန်တော်ရဲ့ ရပ်တည်ချက် များဟာ တစ်သမတ်တည်းရှိနေမှာ မဟုတ်ကြောင်း ကျွန်တော်အမြဲ တမ်းပြောခဲ့ပါတယ်။ ဒါဟာဖြစ်ရိုး ဖြစ်စဉ်လို့ယူဆတယ်။ ကောလိပ်မှ ဘွဲ့ရချိန်မှစပြီး တစ်သမတ်တည်း ရပ်တည်ခဲ့ကြောင်း ပြောဆိုသူများ ဟာ လူလိမ်လူညာများ ဖြစ်ကြ တယ်"ဟု မက်ဗီဒက်ဗ်က ပြော ကြားခဲ့သည်။
ပူတင်နှင့် နေရာချင်း လဲရန် မက်ဗီဒက်ဗ်၏ ဆုံးဖြတ်ချက်သည် လပေါင်းများစွာ ကြာ လမ်းပေါ် ဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့ပြီး ယင်းဆန္ဒပြပွဲများသည် မတ်လ ၄ ရက်တွင် ရုရှား သမ္မတ ရွေးကောက်ပွဲ ၌ ပူတင်အနိုင်ရပြီးနောက် ပိုမိုအရှိန် ရလာသည်။
ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှု အဖွဲ့သည် မေလ ၇ ရက်နေ့တွင် သမ္မတ အဖြစ် ပူတင်ကျမ်းသစ္စာ ကျိန်ဆိုခြင်းမပြုမီ ပိုမိုကြီးမားသောလူထုဆန္ဒပြပွဲကြီးတစ်ရပ် ကျင်းပဖို့ မျှော်လင့်နေကြသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif