http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 May 2012

သင့်နှလုံးအတွက် အဆိုးရွားဆုံး အလေ့ အထများ

ကျန်းမာရေးဘဝ နေထိုင် စားသောက်မှု ပုံစံဟာ နှလုံးရောဂါ ထတဲ့ အန္တရာယ် ကို ၉၀ ရာခိုင်နှုန်း ကျော် သက်ရောက် မှုရှိတယ်လို့ညေိာမေု လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ နေ့စဉ်နေထိုင်မှုဆိုင်ရာ အလေ့အထတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် နည်းနည်း ချင်းပြောင်းလဲပေးရင် နှလုံးကျန်းမာရေးကို ကောင်းမွန်စေရုံသာ မက အသက်ကိုတောင် ကယ်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သင်လုပ်မိနေရင် ရှောင်သင့်တဲ့ အလေ့အထ ခြောက်ရပ် ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) တီဗီကို အချိန်ကြာကြာ ကြည့်ခြင်း
တီဗီရှေ့မှာ ထိုင်ပြီး အချိန်အကြာကြီး တီဗီကြည့်တာက အသက်အန္တရာယ်ရှိပါတယ်လို့ အမေရိကန်နှလုံးကျန်းမာရေး ကောလိပ်က ထုတ်ဝေတဲ့ ၂၀၁၁ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ တစ်နေ့မှာ လေးနာရီနဲ့အထက် တီဗီကြည့်တဲ့သူတွေက တစ်နေ့ မှာ နှစ်နာရီအောက်ပဲ တီဗီကြည့်သူတွေထက် နှလုံးရောဂါကြောင့် ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင်ခြေကို နှစ်ဆ မြင့်တက်စေ တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အားလပ်ချိန်တိုင်း တီဗီ ကြည့်ပြီး အပန်းဖြေတတ်သူတွေက အရွယ်မတိုင်ခင် သေဆုံးနိုင် ခြေကို ၄၈ ရာခိုင်နှုန်း မြင့်တက်စေတယ်လို့ တခြားလေ့လာမှု တွေက ဆိုပါတယ်။ အကြောင်းကတော့ အထိုင်များတာဟာ ဆေးလိပ်သောက်တာလိုပဲ နှလုံးကို ထိခိုက်စေနိုင်လို့ပါ။
(၂) အဆိုးမြင်သဘောထားရှိခြင်း
စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျတာတွေက နှလုံးရောဂါဖြစ်နိုင်ခြေ ကို မြင့်တက်စေနိုင်ပါတယ်လို့ ဟားဗတ်လေ့လာမှုတစ်ခုက ဆိုပါ တယ်။ အကောင်းမြင်တဲ့ သဘောထားရှိတာက နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာအန္တရာယ်ကို ၅၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ပျော်ရွှင်တဲ့သူတွေက ကျန်းမာရေး ပိုကောင်းကြပါတယ်။ အကြောင်း ကတော့ ရယ်မောတာဟာ နှလုံးသွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းစေတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေလို့ပါ။ စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး ရယ်မော တာက ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင်များများ ရှူသွင်းဖြစ်စေ ပါတယ်။
(၃) ဟောက်တတ်သော အကျင့်ကို လျစ်လျူရှုခြင်း
မကြာခဏ ကျယ်ကျယ်လောင်လောင် ဟောက်တာဟာ အိပ်ရင်း အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက်ဖြစ်နှုန်းကို တိုးစေပြီး မကုသဘဲထားရင် နှလုံးရောဂါထတာနဲ့ လေဖြတ်ဝေဒနာကို မြင့် တက်စေပါတယ်။ ညဘက်မှာ အိပ်ရင်း အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက်ဖြစ်တတ်တဲ့သူတွေဟာ နေ့ဘက်မှာ အကြောင်းမရှိဘဲ အိပ်ငိုက်နေတတ်ကြပါတယ်။
(၄) အမျှင်ဓာတ်ကို မေ့လျော့ခြင်း
အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစာတွေကို စားတာက နှလုံး ကျန်းမာရေးကို ကောင်းစေပြီး အသက်ရှည်ရှည်နေရစေတယ်လို့ အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့အစည်းရဲ့ လေ့လာမှု အရ သိရပါတယ်။ အမျှင်ဓာတ်များများစားတဲ့ အသက် ၅၀နဲ့ အထက်အမျိုးသားတွေဟာ အမျှင်ဓာတ်အစားနည်းသူတွေထက် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေ ၅၆ ရာခိုင်နှုန်း လျော့နည်းတာ ကို တွေ့ရပါတယ်။ အသက် ၅၀နဲ့အထက် အမျိုးသမီးတွေအ တွက် အမျှင်ဓာတ်ပါတဲ့ အစာစားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၆၀ ရာခိုင်နှုန်းလျော့ကျစေပါတယ်။
(၅) သွားကို သွားကြားထိုးကြိုးဖြင့် သန့်စင်မှု မလုပ်ခြင်း
သွားဖုံးရောဂါရှိတဲ့သူတွေက သွားဖုံးကျန်းမာသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆနီးပါးမြင့်တက်မှု ရှိပါတယ်။ သွားဖုံး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဟာ သွေးကြောကို ထိခိုက်စေ ပြီး ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည်စေဖို့အတွက် နေ့စဉ်သွားတိုက်တာ၊ သွားကြားထိုး ကြိုးသုံးတာတို့ကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။ ၁၇နှစ်ကြာ လေ့လာမှုတစ်ရပ်အရ ပုံမှန်သွားကြားထိုးကြိုး သုံးသူတွေက ပုံမှန် သွားကြားထိုးကြိုး မသုံးသူတွေထက် အရွယ်မတိုင်ခင် သေဆုံးနိုင် ခြေ ၃၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။
(၆) ဆေးလိပ် နည်းနည်းပဲဖြစ်ဖြစ် သောက်ခြင်း
တစ်နေ့မှာ စီးကရက်တစ်လိပ်လောက်ပဲ သောက်ရင်တောင် နှလုံးရောဂါထနိုင်ခြေကို ၆၃ ရာခိုင်နှုန်း မြင့်တက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက ဆီးချိုသွေးချိုရောဂါ၊ နာတာရှည်အသက် ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ရောဂါနဲ့ ကင်ဆာရောဂါအမျိုးမျိုးတို့ရဲ့ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ မုန်လာဥနီ၊ တရုတ်နံနံစတဲ့ ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ဝါးစားပေးတာနဲ့ သကြား မပါတဲ့ ပီကေကို ဝါးစားတာက နီကိုတင်း ချဉ်ခြင်းတပ်မှုကို လျော့ ကျစေပါတယ်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif