http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 May 2012

တောင်ငူမြို့မှာ အမှတ်တရတွေ အများကြီးပဲ စိုးပြည့်သဇင်

တောင်ငူမြို့မှာ အမှတ်တရတွေ အများကြီးပဲ စိုးပြည့်သဇင်စိုးပြည့်ကတောင်ငူ မှာမွေးကတည်းက ၁၅နှစ်လောက် အထိနေခဲ့ တာ ဆိုတော့ အမှတ်တရတွေက အများကြီးပါပဲ။ပြောပြလို့ လည်းမ ကုန်နိုင်ပါဘူး။ သတိရတာက အမြဲတမ်းပါပဲ။ အလုပ်လုပ်နေတဲ့အချိန် ကတော့ အလုပ်ထဲမှာ စိတ်နှစ်ထားရတော့ အလုပ်လုပ်တဲ့အချိန် ကလွဲရင် အချိန် တိုင်းနီးပါးကတောင်ငူကိုသတိရတယ်။ ငယ်ငယ် တုန်းကနေခဲ့ရတဲ့ ဘဝလေးတွေ ကိုလည်း ပြန် သတိရတယ်။
ခုချိန် တောင်ငူကိုပြန် သွား ရင်တောင် ဘယ်ချိန်တုန်းက ဒီနေရာကိုရောက် ခဲ့တာ၊ ဘာတွေလုပ်ခဲ့ကြ တာဆိုပြီး အဲဒီမြင်ကွင်းပုံ ရိပ်လေးတွေမြင် ယောင်နေ တုန်းပဲ ။ နှစ်ကျိပ်ရှစ် ဆူပွဲကိုသွားတုန်းက သူ ငယ်ချင်းတွေ နဲ့လည်းပြန်တွေ့ ရတော့ပျော်ပါတယ်။
အဲဒီအချိန်တုန်းက အပျော် ဆုံးအချိန်ပါပဲ။ သူငယ် ချင်းတွေကို အချိန်တိုင်း သတိရနေတာပါပဲ။ တောင်ငူမြို့က လူငယ်တွေကိုလည်း ထူးချွန်စေချင် တယ်။ ဘယ်နေရာ ပဲဖြစ်ဖြစ်ပေါ့။တောင်ငူမြို့ကို ဂုဏ်ဆောင်နိုင်တဲ့ သူတွေဖြစ်စေချင်တာ။ 
www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif