http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Feb 2013

လမ်းပိတ်ဆို့မှုကြောင့် ပိုပေးလာရတဲ့ တက္ကစီခ




   ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်မှုကို အကြောင်းပြုပြီးတော့ အငှားယာဉ်ခတွေ သိသိသာသာ ဈေးမြင့်တက်နေပါတယ်။ 
ယာဉ်ကြောပိတ်တဲ့နေရာကို ဖြတ်ရမယ်၊ သွားရမယ် ဆိုရင် အငှားယာဉ်မောင်းတွေ ခေါင်းခါ လက်ခါပြကြပါတယ်။

တက္ကစီသမားတယောက်ရဲ့ အသံ
အငှားယာဉ်မောင်းတဦးက “ယာဉ်ကြောပိတ်ခကို ၅ဝဝ လောက် ပိုပြီးတောင်းရတယ်။ ယာဉ်ကြောပိတ်တဲ့အချိန်ကိုပါ 
ထည့်တွက်တောင်းကြတာပါ။ မလို အပ် ဘဲ အချိန်တွေ ဆီတွေ ကုန်မှာစိုးလို့ လိုက်ရမယ့် ယာဉ်ကြောကိုပဲ ကြည့်ပြီး လိုက် တော့တယ်” လို့ ပြောပါတယ်။ 

“ကျောင်းတက် ၊ ကျောင်းဆင်းချိန် တွေကို လည်း မှတ်ထား ရသေးတယ်။ လာငှားရင် အဲဒီဘက်မှာ ဆိုရင် ဘယ်ကျောင်းရှိလဲ၊ ကျောင်းဆင်းချိန်လား ဆိုတာကို ကြည့်ပြီးမှ လိုက်ပါတယ်။ ကျောင်းဆင်းချိန်ဆိုရင်တော့   မလိုက်တော့ဘူး” လို့ သူက ဆက်ပြောပါတယ်။ 

ဂုံးကျော် တံတားများ
ဂုံးကျော် တံတားတွေ တပြိုင်နက် တည်ဆောက်နေတဲ့ ရန်ကုန်မှာ ယာဉ်ကြောတွေက သိသိသာသာကို ကျပ်လာတာကို တွေ့ရပါတယ်။ 
လှည်းတန်းမီးပွိုင့်မှာဆိုရင် မီးစိမ်းဖို့ကို မိနစ်၂ဝ ကျော် လောက်အထိ စောင့်လာရသလို ရွှေဂုံတိုင် မီးပွိုင့်မှာ ပိတ်မိရင်လည်း အချိန်အတော်ကြာ စောင့်ကြရတာပါ။ 

တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်က ကားလမ်းမဧရိယာ အတော်များများကို သိမ်းထားတဲ့အတွက် တမေ့တမော စောင့်ကြရတာပါ။

ဘုရင့်နောင်လမ်းမကြီးမှာဆို ကားတွေက ကျပ်ပြီး ကားကြော မပြတ်တော့ လမ်းကူးဖို့ကိုတောင် အကြာကြီး စောင့်ရတယ်။ အန္တရာယ်လည်း အရမ်းများပါတယ်လို့ ကမာရွတ်မြို့နယ်က တက္ကစီ စီးသူတယောက်က ပြောပါတယ်။

“ရုံးချိန်အတွင်း တက္ကစီတွေက ငှားရ ခက်တယ်။ မလိုက်ကြတော့ဘူး။ ပုံမှန် ၂,၅ဝဝ ပေးနေရတဲ့ဈေးကို ကားကျပ်တယ်လို့ ပြောပြီး ၄,ဝဝဝ အထိတောင် တောင်းလာကြတယ်” လို့ သူက ပြောပါတယ်။ 

လမ်းဘေးဈေးသည်များ
ယာဉ်ကြောတွေ ပိတ်ဆို့ရခြင်းတွေရဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ဈေးသည်များလည်း ထိပ်တန်းက ပါနေပါတယ်။

ပလက်ဖောင်းပေါ်မှာ ဈေးသည်တွေ ဈေးတက်ရောင်းကြတဲ့အခါ လူတွေက ကား လမ်းမပေါ် တက်ပြီး လမ်းလျှောက်ကြရပါတယ်။ ဒါကြောင့် ကားတွေ သွားရ ပိုခက်ခဲလာတာပါ။
ကားတွေက လူတွေကိုရှောင်ပြီး မောင်းနေကြရပါတယ်။

ကားပေါလာတဲ့ ရန်ကုန်

 ကားတင်သွင်းခွင့် ပိုမို လွယ်ကူ၊ ကားဈေးတွေ ပြုတ်ကျလာပြီးနောက်ပိုင်း ရန်ကုန်မှာ  ကားတွေ ပိုများလာပါပြီ။

ဒီကားတွေအတွက် သင့်တော်တဲ့လမ်းအနေအထား ရန်ကုန်မှာ မရှိတာကြောင့် ယာဉ်ကြောပိတ်မှု ပိုပြီး ကြီးထွားလာတာပါ။

လမ်းမပေါ်မှာ ကားတွေ စည်းကမ်းမဲ့ ရပ်နားခြင်း၊ ယာဉ်မောင်းတွေ စည်းမဲ့ကမ်းမဲ့ မောင်းနှင်ခြင်း အစရှိတာတွေကြောင့်လည်း ယာဉ်ကြောပိတ်ပါတယ်။
ဘာကြောင့် ယာဉ်ကြောပိတ်တယ် ဆိုတာကို အာဏာပိုင်တို့လည်း သိမှာပါ။ ဖြေရှင်းနည်းကို မသိသေးလို့ သို့မဟုတ် မဖြေရှင်းရသေးလို့ ဒီပြဿနာ ဆက်လက် ကြီးထွားနေတယ်လို့ ဆိုရပါမယ်။

ရုံးဝန်ထမ်းများ အိမ်ကနေ စောထွက်လာကြ၊  ပြန်ရင်လည်း  နောက်ကျပြီးမှ အိမ်ပြန် ရောက်ပါတယ်။ ကားထဲ အချိန်ကုန်တတ်တာကြောင့် လူပင်ပမ်း၊ စိတ်ပင်ပမ်း ဖြစ်ကြရပါတယ်။

ပြဿနာ ဖြေရှင်းရေး
ဒီလို ကိစ္စရပ်တွေကို အဆင်ပြေစေဖို့အတွက် ယာဉ် ကြောရှင်းလင်းဖို့ ယာဉ်ထိန်းရဲများတိုးချဲ့ ချထားခြင်း၊ လမ်းများချဲ့ခြင်း ၊ ဈေးသည်တွေကို နေရာဖယ်ခိုင်းခြင်း၊ ယာဉ်ရပ်နားတဲ့နေရာ  တိုးချဲ့ခြင်း စတာတွေပြုလုပ် နေသော်လည်း ဘယ်အချိန်မှ ဒီအခက်အခဲတွေ ပြေလည်စေမယ်ဆိုတာ မသိရသေးပါ။  

ဂုံးကျော် တံတားတွေ ဆောက်နေတာ ပြီးစီးသွားရင်တော့ ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် သက်သာ သွားမယ်လို့ မျှော်  လင့် နေကြသလို တချို့ကလည်း  ဂုံးကျော်တံတား ဆောက်လုပ်ရုံနဲ့ ရန်ကုန်ရဲ့ ယာဉ်ကြောပိတ်ဆို့မှု ပြသာနာများ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။  
http://blog.irrawaddy.org/2013/02/blog-post_5878.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif