![]() |
မနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ မယ်ပြိုင်ပွဲ Miss Myanmar International 2013 မှာ သရဖူဆောင်းသွားသူကတော့ ဂုဏ်ရည်အေးကျော် ဖြစ်ပါတယ်။
ဂုဏ်ရည်အေးကျော်ရဲ့ အမည်ကို Miss People 2010, DELL RUNWAY 2011 အစရှိတဲ့ ပွဲကြီးတွေမှာ တွေ့ခဲ့ရမှာပါ။
အခု ပွဲကြီးဖြစ်တဲ့ Miss Myanmar International မှာတော့ ဂုဏ်ရည်အေးကျော်တယောက် အထူးအောင်မြင်မှုကို ရသွားတာပါပဲ။
သူ့ကို VCD သီချင်းတချို့မှာ သရုပ်ဆောင်သူအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။
မနှစ်က Miss Myanmar International သရဖူဆောင်းခဲ့သူကတော့ နန်းခင်ဇေယျာ ပါပဲ။
![]() |
နန်းခင်ဇေယျာ နဲ့ ဂုဏ်ရည်အေးကျော် |
http://blog.irrawaddy.org/2013/02/miss-myanmar-int.html
0 comments:
Post a Comment