http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

သင်္ကြန်သံချပ်သံ ဟိန်းဟိန်း ညံတော့မယ်

Regent Business Academy မှ ကျောင်းသား၊ ကျောင်းသူ များနှင့် ဒါရိုက်တာမောင်သီဦး ဆောင်သော မေတ္တာ၊ ကုသိုလ်၊ အ ရိုင်း၊ ဗေလုဝတို့ပါဝင်သည့် "တစ်ခါ က မဟာရန်ကုန် သင်္ကြန်ညများ" ပွဲနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်း လင်းပွဲကို မတ်လ ၁၉ ရက် ညနေ ကBusiness Academy ကျောင်းတည်ရှိရာ ရန် ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ နာနတ် တောလမ်း၊ ရွှေကိန္ဒရီအိမ်ရာတွင် ကျင်းပ ခဲ့သည်။
ဒါရိုက်တာမောင်သီက "နှစ် ၃၀ နီးပါး တိမ်မြုပ် ပျောက်ကွယ်နေတဲ့ မြန်မာ့ရိုးရာ သင်္ကြန်သံချပ်တွေကို ပြန်လည်ဖော် ထုတ်တဲ့ အနေနဲ့ ဒီနှစ်ကို ဒိုးဒိုး ဒေါက်ဒေါက်နာမည်နဲ့ မောင်မောင် မြင့်အောင် (အခုဗေလုဝ)၊ "ပြီးပါပြီ" သင်္ကြန်အဖွဲ့က အရင် တုန်းက သင်္ကြန်မင်းသား နာမည် မောင်မောင်မြင့်သိန်း (အခုကို ကုသိုလ်) "ပြည်သူ့တရားရှင်" အဖွဲ့ တရုတ်ကားထဲက ပေါင်ချိန်မဟုတ်ဘူး။ သူ့ထက်စော တယ်၊ "ပြည်သူ့တရားရှင်" အဖွဲ့က ကိုခင်မောင်မြင့်က အခု ကိုမေတ္တာ ပေါ့။ သူတို့က သင်္ကြန်သမားစစ်စစ် ကြီးတွေ။ ပြီးတော့ ကွယ်လွန်သွား ပြီဖြစ်တဲ့ ကမ္ဘာကျော်ငွေလှိုင်၊ ဂီတ စာဆို မောင်ကြေးမုံ၊ ကဗျာဆရာ မောင်စိမ်းနီ စတဲ့ သံချပ်အဖွဲ့တွေ အများကြီးရှိတယ်။ အဲဒီထဲမှ ကျွန် တော်လက်လှမ်းမီသလောက်ထဲက ကိုမေတ္တာ၊ ကိုဗေလုဝ၊ ကိုကုသိုလ်၊ ကိုအရိုင်း၊ ပဋိစ္စသမုပ္ပါဒ် အဖွဲ့က ကို မောင်မောင်မြင့်ရယ် ပေါင်းပြီး ကျွန်တော်တို့ သင်္ကြန်သံချပ်သံတွေ တိမ်မြုပ်နေတာကို ဖော်ထုတ်ရ အောင်ဆိုပြီး စီစဉ်ဖြစ် တာပါ။
လက် မှတ်ကတော့ ၂၅ ရက်နေ့ကတည်း က စပြီး ရောင်းချကြမှာပါ။ ပြည်သူ့ရင်ပြင် မှာ မတ်လ ၃၀ ရက်နေ့ ညနေ ၃ နာရီမှာ သူတို့ ကျောင်း က ဈေး ရောင်းပွဲလေး လုပ်မယ်။ ၆ နာရီ လောက်စပြီး ကျွန်တော်တို့ သင်္ကြန် ကားကြီးတွေနဲ့ ဝင်လာပြီး လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးက သံချပ်တွေ ပြိုင် သလိုမျိုး သံချပ်တွေထိုးကြမယ်။ "ပြည်သူ့တရားရှင်"၊ "ပြီးပါပြီ"၊ "ဒိုး ဒိုးဒေါက်ဒေါက်"၊ "ပဋိစ္စသမုပ္ပါဒ်" အဖွဲ့ ၄ ဖွဲ့က ပြိုင်ကြပြီး ဖျော်ဖြေ ကြမယ်။ အဲဒီအတွက် လက်မှတ် တွေက ၁၅၀ဝ၀၊ ၁၀ဝ၀ဝ၊ ၇၀ဝ၀ သတ်မှတ်ထားတယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာ မပြိုင်ရတဲ့ ကိုကျော်ထူး၊ ကိုဧရာတို့က သူတို့ဘာသာ သူတို့ စုပြီး သံချပ်အဖွဲ့ဖွဲ့မယ်လို့ကြား တယ်။ ဒါကြောင့် ဒီနှစ်ကတော့ မြန် မာ့ရိုးရာ သင်္ကြန်မှာ သံချပ်သံတွေ ပြန်ကြားရမှာပါ။ အဟောင်းဆိုပေ မယ့် ဒီဖက်ခေတ်ထိ မှန်နေဦး မယ်ဆိုတာကိုတွေ့ရမှာပါ။ သံချပ် ဆိုတာ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်စစ်စစ်တစ်ခုပါ။ ပျောက်ဆုံးနေတာကို ပြန်လည် ဖော်ထုတ်တာပါ။ ဘာအရောင် Color တစ်ခုမှမပါဘူး။ နောက် တစ်ခုက သင်္ကြန်မှာ မိန်းကလေး တွေ ယိမ်းကကြပါတယ်။
ယောကျာ်းလေးတွေက သံချပ်ထိုး ကြပါတယ်။ အဲဒီအစဉ်အလာက အခု ပျက်စီးနေပါပြီ။ အဲဒီအတွက် မူးရမ်းယမ်းကားပြီး ဖရိုဖရဲ အဝတ် အစားတွေနဲ့ ဖြစ်နေ တယ်လို့ ထင် တယ်။ ရိုးရာ ယဉ်ကျေးမှုတွေ ပြန် လည်ဖော်ထုတ်သင့်တယ်လို့ ထင် တယ်။ သင်္ကြန်အမြှောက်မှာ အ ဆန်မပါဘူးလို့ လူတွေကပြောကြ ပါတယ်။ သို့သော် အဆန်မပါ သော အမြှောက်တွေက ဘယ် လောက်ထိ ကျယ်လောင်သလဲ၊ ခေတ်ကို ဘယ်လောက်ထိ ကိုယ် စားပြုသလဲဆိုတာကို ဒီနှစ်သင်္ကြန် မှာ ကျွန်တော်တို့ သင်္ကြန်အမြှောက် ကြီးတွေ ဖောက်ကြတော့မှာပါလို့ ပြောချင်ပါတယ်။   http://yoyarlay.com/entertainment

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif