http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

ရုပ်ရှင်ရွေးကောက်ပွဲသမိုင်းတွင် ဆန္ဒမဲပေးသူ အများဆုံး စံချိန်တင်ပွဲဟု ဒါရိုက်တာ ၀ိုင်းဆို

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင် အဖွဲ့သစ် ပြန် လည်ရွေးချယ် ပွဲနှင့် ပတ်သက်ပြီး ဒါရိုက်တာဝိုင်းက "အဓိက သရုပ်ဆောင် အလွှာ အပါ အ၀င် ရုပ်ရှင်လောက သားတွေ တော်တော် များများ က ရွေးကောက် ပွဲ ဖြစ်မြောက်အောင်မြင်ဖို့ တက်တက်ကြွကြွ လာရောက် မဲဆန္ဒပေးကြပါတယ်။ ခရီးထွက်နေ သူတွေ၊ နိုင်ငံရပ်ခြား က အချိန်မီပြန်မ လာနိုင် သူတွေနဲ့ သက်ကြီးပိုင်းတွေလောက်သာ လာဖို့ အခက်ခဲ ရှိကြတာပါ။
ရုပ်ရှင်ရွေးကောက်ပွဲ သမိုင်းမှာတော့ ဒီရွေးကောက်ပွဲက အစည်ကားဆုံးလို့ ဆိုရမှာပဲ။ အရင် ရွေးကောက်ပွဲတွေမှာ မဲပေးသူများတယ် ဆိုတာထက် အခုပိုများတယ်။" လို့ ဆိုပါတယ်။ ယခင်နှစ်များ က မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ နှစ်နှစ် တစ်ကြိမ်ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲများထက် ယခုမြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ကျင်းပတဲ့ ရွေးကောက်ပွဲက စိတ်ဝင်တစား မဲပေးသူ ဦးရေ ပိုများတဲ့အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရာခိုင်နှုန်းသတ်မှတ်ခြင်းအပေါ် ခြွင်းချက် ရှိနိုင် ဖွယ် မြင်ကြောင်း လည်း ၀ါရင့် သရုပ်ဆောင်ကြီးတစ်ဦးက ဆိုပါတယ်။
ထိုနည်းတူ မဲပေးသူ အရေအတွက် ၅၀ % မပြည့်သေးခြင်း အပေါ် "ယနေ့ကျင်းပသော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည် ဖွဲစည်းမှုအား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလွှာ အသီးသီးမှ မဲဆန္ဒခံယူရာတွင် မဲလာပေးသူ အရေအတွက် မှာ ယနေ့နေ့လည် ၃ နာရီ အထိ ၅၀ % မပြည့်သေးပေမယ့် ယခုကဲ့သို့ မဲဆန္ဒခံယူရာတွင် အလွှာ အသီးသီးမှ အနုပညာရှင် အတတ်ပညာရှင်များ လာရောက် မဲပေးခဲ့ကြသူ များပြီး တည်းဖြတ်အလွှာ မှသာ လာရောက်မဲပေးသူ နည်းနေသေးခြင်းဖြစ်ကြောင်း" ကိုလဲ မဲဆန္ဒခံယူ ပွဲ ဖြစ်မြောက်ရေး မှ တာဝန်ရှိသူတစ်ဦး မှပြောကြားခဲ့ပါတယ်။ သို့သော်လည်း မဲအရေအတွက် ၅၀ % မှာ အချိန်မှီပြည့် မှီလိမ့်မည်ဟု ယင်းတာဝန်ရှိသူ မှထပ်ဆင့်ပြောကြားပါတယ်။               http://yoyarlay.com/entertainment

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif