အေစီမီလန်ကစားသမား ရော်ဘင်ဟိုက အာဆင်နယ်အသင်းအနေဖြင့် လာမည့် ချန်ပီယံလိဂ် ဒုတိယအကျော့တွင် အံ့သြဖွယ်ရာဖြစ်ရပ်များ ဖြစ်ပေါ်လာဖို့မမျှော်လင့်သင့်ကြောင်း သတိပေးပြောကြားလိုက်သည်။
မန်စီးတီးကစားသမားဟောင်းဖြစ်သူ ရောဘင်ဟိုက -
“ မန်စီးတီးအသင်းမှာတုန်းက ကျွန်တော် ကံမကောင်းခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်တော်လုပ်နိုင်တာကို မီလန်အသင်းနဲ့အတူ
သက်သေပြပြီးသွားပါပြီ၊ ကျွန်တော် အနေနဲ့ နောက်ထပ် နေ့ရက်ကောင်းတွေကို ပိုင်ဆိုင်နိုင်ဖို့ ဆုံးဖြတ်ထားပါတယ် ”
“ အာဆင်နယ်အသင်းဟာ ကျွန်တော်တို့ကိုရှုံးနိမ့်ပြီးနောက်ပိုင်း၊ တိုးတက်မှုရှိလာတယ်ဆိုတာ၊ အသိအမှတ်ပြုပါတယ်၊
ဒါပေမယ့် လာမယ့်ချန်ပီယံလိဂ် ဒုတိယအကျော့မှာ အာဆင်နယ်အသင်း ပြန်လာဖို့ကတော့ မဖြစ်နိုင်ပါဘူး၊ ”
“ ကျွန်တော်တို့ဟာ ဆန်စီရိုမှာ အာဆင်နယ်အသင်းကို (၄-၀) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်၊ ဒီရလဒ်ဟာ အရမ်းမြင့်မားလွန်းပါ
တယ်၊ ဒီရလဒ်မျိုးနဲ့ အာဆင်နယ် ပြန်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး၊ ဗန်ပါစီဟာ ထိပ်တန်း တိုက်စစ်မှူးပါ၊ ဒါပေမယ့်
သူ့အနေနဲ့ ပြီးခဲ့တဲ့ နောက်ဆုံးပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့တဲ့အတိုင်း ကျွန်တော်တို့နဲ့ပွဲမှာ လုပ်ပြနိုင်လိမ့်မယ်လို့ မထင်ပါဘူး”
ဟု ပြောကြားသွားခဲ့သည်။ mutdfan.comမှကူးယူဖော်ပြသည်

0 comments:
Post a Comment