http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Mar 2012

၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂိုးလိုင်း နည်းစနစ်ကို အသုံးပြုသွားမည်ဟု ဖီဖာဥက္ကဌက ထုတ်ဖော်ပြောကြား

၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂိုးလိုင်း နည်းစနစ်ကို အသုံးပြုသွားမည်ဟု ဖီဖာဥက္ကဌက ထုတ်ဖော်ပြောကြား
၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂိုးလိုင်း နည်းစနစ်ကို အသုံးပြုသွားမည်ဟု ဖီဖာဥက္ကဌက ထုတ်ဖော်ပြောကြား
ဖီဖာဥက္ကဌ ဆပ်ဘတ်လတ္တာက ဘရာဇီးတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ပြိုင်ပွဲတွင် ဂိုးလိုင်း နည်းစနစ်ကို စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြား လိုက်သည်။

အာဖရိကတွင် ကျင်းပခဲ့သော၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်နှင့် ဂျာမနီတို့ ကစားသွားခဲ့သော ပွဲစဉ်တွင် အငြင်းပွားဖွယ်ရာ ပြဿနာများ ကြုံတွေ့ခဲ့ရသော်လည်း၊ ဘတ်လတ္တာက ဂိုးလိုင်းနည်းစနစ်ကို အသုံးပြုသွားရန် ငြင်းဆန် ခဲ့သေးသည်။ ဂျာမနီအသင်းအား (၄-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသော ကာပယ်လို၏ အင်္ဂလန်အသင်းသည် (၂-၁)ရလာဒ်ဖြစ်ချိန်တွင် ဖရန့်လမ်းပတ်၏ ဂိုးကြောင့် (၂-၂)ဂိုး ဖြစ်ခဲ့သင့်သော်လည်း ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း မရှိသောကြောင့် နစ်နာခဲ့ရသည်။

ဖီဖာဥက္ကဌအဖြစ် ၂၀၁၁ခုနှစ် ရွေးကောက်ပွဲတွင် ထပ်မံရွေးချယ်ခြင်း ခံခဲ့ရသော ဘတ်လတ္တာက ခေတ်မှီသော နည်းစနစ်များကို အသုံးပြုသွားရန် စဉ်းစားထားပြီး၊ ဘရာဇီးတွင် ကျင်းပမည့် ကမ္ဘာ့ဖလားတွင် ဂိုးလိုင်းနည်းစနစ်ကို အမှန်တကယ် အသုံးပြုသွားမည် ဖြစ်ကြောင်း El Mundo Deportivo ဖြင့် အင်တာဗျူးတွင် တရားဝင် ပြောကြားသွားခဲ့သည်။

ဘတ်လတ္တာက -
"လှည့်စားတဲ့ဂိုးတွေကို ရှောင်ရှားနိုင်ဖို့ ၂၀၁၄ကမ္ဘာ့ဖလားမှာ ဂိုးလိုင်းနည်းစနစ်ကို အသုံးပြုသွားပါမယ်၊ အဲ့ဒီအတွက် ကျွန်တော်တို့ စဉ်းစားထားတဲ့ နည်းနစ်ကောင်း (၂)ခုရှိပါတယ်" ဟုပြောကြားသွားခဲ့သည်။
Written by : အောင်ဇော်လတ်(မိုးနဲ)    2011-12-06 04:02:19                mutdfan.comမှကူးယူဖော်ပြသည်

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif