http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

ရှိသင့်သော သက်တမ်း ထက် ၁၉ နှစ် ပိုပြီး အသက်ရှည် ရလေအောင်


အသက် ရှည်စေလိုသင်ဟာ အသက် ၁၀ဝ ကျော် အ ထိ ကျန်းကျန်း မာမာနဲ့ ပျော်ပျော် ရွှင်ရွှင် နေလို ပါသလား။ အောက်ပါ အသက် အရယွ န် ပျုေိ စနငို တ်ဲ့ နည်း လမ်း တေဟွာ သိပ္ပံပညာရှင်တွေက အသစ်တွေ့ရှိထား တဲ့ နည်းလမ်းတွေဖြစ်ပြီး သင်ရဲ့ ဘဝ သက်တမ်းထက် အနည်းဆုံး ၁၉ နှစ် ပိုပြီး အသက်ရှည်အောင် နေနိုင်တယ်လို့ အကြံပေးထားကြပါတယ်။
၁ ငယ်ရွယ်သူကဲ့သို့စဉ်စားပြီး နုပျို အောင်နေပါ
သင့်ကိုယ်သင် ငယ်ရွယ်တဲ့သူလို့ ခံစားရတာကြောင့် အရွယ်ကြီးရင့်မှုဖြစ် စဉ်ကို နှေးကွေးသွားပြီး သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ဟာ ပြက္ခဒိန်နှစ်တွေထက် ၁၂ နှစ်လောက်ပိုပြီး နုပျိုနိုင်တယ်လို့ လေ့ လာမှုအရ သိရပါတယ်။ မိတ်ဆွေ အ ပေါင်းအသင်းတွေနဲ့ တက်တက်ြွကြွက ဆက်သွယ်နေသူ (တစ်ပတ်တစ်ကြိမ် မိတ်ဆွေတွေနဲ့ဆုံတွေ့ပြီး စကားလက် ဆုံကျနေသူ)တွေဟာ ငယ်ရွယ်နုပျိုရုံ မကဘူး၊ စွမ်းအင်လည်း ပိုမိုပြည့်ဝကာ ဆိုးရွားတဲ့ဝေဒနာတွေ ဖြစ်ပေါ်နိုင်ခြေ ၂၂ ရာခိုင်နှုန်း လျော့နည်းတယ်လို့ သိရ ပါတယ်။ ရယ်ရွှင်စရာစကားတွေကို မျှဝေတာကြောင့် ဖိစီးမှုဟော်မုန်းထုတ် လုပ်မှု ၂၅ ရာခိုင်နှုန်း ကျဆင်းကာ သွေးဖိအားလည်း လျော့ကျနိုင်ပြီး ခုခံ အားစနစ်ကောင်းမွန်လာတာကြောင့် ဒါတွေအားလုံး အရွယ်အိုမင်းမှု ဖြစ်စဉ် ကို နှေးကွေးစေနိုင်တယ်လို့ Pittsburgh တက္ကသိုလ်မှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန် Dr. Joseph က ပြော ပါတယ်။
၂ ကာဗိုဟိုက်ဒရိတ်များကို လျှော့ စားပြီး အရွယ်အိုမင်းမှုဖြစ်စဉ်ကို တွန်းလှန်ပါ
ဟားဗတ်တက္ကသိုလ်မှ အံ့သြဖွယ်ရာ လေ့လာမှုအသစ်တစ်ခုအရ ကိတ်မုန့်၊ Cracker နဲ့ ဆော်ဒါလိုမျိုး နူးညံ့တဲ့ကာဗို ဟိုက်ဒရိတ်ပါဝင်တဲ့အစာတွေကို မစား ဘဲ ရှောင်ကြဉ်တာကြောင့် Thyroid မှ အရွယ်အိုမင်းမှုကို ကာကွယ်နိုင်တဲ့ ဟော်မုန်းထုတ်လုပ်မှု ၆ ရာခိုင်နှုန်း မြင့်တက်တဲ့အပြင် အင်ဆူလင်အဆင့် ၄၈ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သိရပါတယ်။ အင်ဆူလင်ဆိုတာဟာ ဦးနှောက်၊ နှလုံးနဲ့ သွေးကြောတွေကို အရွယ်မတိုင်ခငါ ပျက်စီးစေနိုင်တဲ့ ဟောမုန်းပါ။
၃ အရွယ်တင်နုပျိုအောင် အောက်ပါအစာများကို စားပါ
ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော် သီး အစရှိတာတွေကို အနည်းဆုံး တစ် ခွက်စာ ဒါမှမဟုတ် နှစ်ခွက် စားသုံးတာ ကြောင့် ရောဂါတွန်းလှန်နိုင်တဲ့ သဘာဝ ဒြပ်ပေါင်းတွေ ၁၀ဝ ကျော်ခန့် ရရှိနိုင် တယ်လို့ သိရပါတယ်။ Loma Linder တက္ကသိုလ်မှ သုတေသနပြုသူတွေက ဒီလိုစားသုံးမှုကြောင့် အရွယ်အိုမင်းမှု ဖြစ်စေတဲ့အဆိပ်အတောက်တွေကို ၇၅ ရာခိုင်နှုန်းခန့် အားပျော့သွားစေပြီး အသက် နှစ်နှစ်ပိုရှည်ကာ နှလုံးတိုက် ခိုက်ခံရတာ၊ လေဖြတ်တာ၊ ကင်ဆာ ရောဂါနဲ့ မျက်စိအတွင်းတိမ်ရောဂါ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သိရပါတယ်။
၎ ခုခံအားစနစ်မြင့်တက်အောင် အိပ်ရေးဝ၀အိပ်ပါ
ကမ္ဘာ့အသက်ရှည်ဆုံးလူသားတွေ ကို လေ့လာမှုပြုလုပ်ချက်အရ သူတို့ တစ်တွေဟာ အိပ်ရေးဝ၀အိပ်သူတွေ ဖြစ်ကြောင်း၊ တစ်ညကို အနည်းဆုံ ခုနစ် နာရီခွဲခန့် အိပ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အိပ်စက်တာဟာ ခန္ဓာကိုယ်မှ ပျက်စီး နေတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင် ပေးနိုင်တဲ့ အချိန်ဖြစ်ပြီး ဆဲလ်တွေ အရွယ်အိုမင်းမှုကို နှေးကွေးစေကာ ခုခံ အားစနစ်ကိုလည်း အားပြည့်စေတယ်လို့ Stay Young စာအုပ်ရေးသားသူ Dr. Walter က ပြောပါတယ်။ အိပ်ရေးဝ၀ အိပ်တာကြောင့် ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါအပါအဝင် ရောဂါပေါင်း တစ်ဒါဇင်ကျော်ကို ကာကွယ်နိုင်တဲ့ အပြင် သုံးနှစ်ခန့် အသက်ပိုရှည်နိုင်တယ် လို့ ဆိုပါတယ်။
၅ အစားအစာမှ ဓာတ်တိုးဆန့်ကျင် ပစ္စည်း အစွမ်းနှစ်ဆရအောင် ယူပါ
အစားအစာတွေကို ပေါင်းစပ်ပြီး စားတာကြောင့် တချို့ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ အကျိုးကျေးဇူး ပိုမိုမြင့်မား လာတယ်လို့ Ohio ပြည်နယ်မှ သုတေ သီတွေက ဆိုပါတယ်။ ဥပမာအားဖြင့် ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ)မှာ ပါဝင်တဲ့ ကင်ဆာတွန်းလှန်နိုင်တဲ့ဒြပ် ပေါင်း ဆာဖိုရပ်ဖိန်းဟာ ဆီလီနီယမ်တွေ မြင့်မားစွာပါဝင်တဲ့ ပင်လယ်စာ ဒါမှမ ဟုတ် ကြက်ဆင်သားတွေနဲ့ အတူတူစား ရင် ခန္ဓာကိုယ်တွင်း ဒုက္ခပေးနိုင်တဲ့ ဆဲလ်တွေ ကို ပိုမိုထိရောက်စွာ ဖျက်ဆီးနိုင်ပါတယ်။ အလားတူပဲ ထောပတ်သီးနဲ့ ခရမ်းချဉ် သီး တွဲစားရင် လေဖြတ်နိုင်ခြေကို ရပ် တန့်နိုင်တဲ့ လိုင်ကိုပင်း လေးဆပိုမိုရရှိပါ တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါ့အပြင် ဟင်းနုနယ်ကို ထောပတ်၊ သံ လွင်ဆီ ဒါမှမဟုတ် တခြားအဆီတွေနဲ့ ကြော်စားရင် အဆီမှာပျော်ဝင်တဲ့ ဗီတာ မင် အီးကို စုပ်ယူနိုင်အား နှစ်ဆပိုရရှိ တယ်လို့ သိရပါတယ်။
၆ ဦးနှောက်ဆဲလ်များ သန်မာ အောင် ပဲမည်းစားပါ
ပဲမည်းတွေမှာ အရွယ်အိုမင်းမှုကို ပတိ ပ် ငန် ငို တ်ဲ့ အာဟာရ Phytates တွေ အများအပြားပါဝင်ပြီး ဥရောပသုတေသီ တွေရဲ့ လေ့လာချက်အရ ကင်ဆာဆဲလ် တွေကို သေစေနိုင်တာ၊ ခုခံအားစနစ်ကို မြှင့်တင်နိုင်တာနဲ့ ခန္ဓာကိုယ်အတွင်းနဲ့ ဦးနှောက်ရှိဆဲလ်တွေ အရွယ်အိုမင်းမှုကို တွန်းလှန်နိုင်တယ်လို့ သိရပါတယ်။
၇ အစားအစာကို လျှော့စားမည့် မယ့်အစား လေ့ကျင့်ခန်း အသင့် အတင့်လုပ်ပါ
နေ့စဉ် အနည်းဆုံး မိနစ် ၂၀ ခန့် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် အင်ဆူ လင်ခံနိုင်အား ကောင်းမွန်လာပြီး မုန့်ချို အိတ်မှ ဆဲလ်တွေ လိုအပ်သလောက်သာ အင်ဆူလင်ကို ထုတ်ပေးတယ်လို့ သိရ ပါတယ်။
ဒေါက်တာ ခင်မိုးမိုး                                    http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif