http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

တိုင်ရီစက်ရုံ အလုပ်သမားနှင့် အလုပ်ရှင်ကြား ပြဿနာ များ အဆုံးသတ်ပြီ


တိုင်ရီစက်ရုံ အလုပ်သမားနှင့် အလုပ်ရှင်ကြား  ပြဿနာ များ အဆုံးသတ်ပြီတိုင်ရီဖိနပ်စက်ရုံရှိ အလုပ် သမားများနှင့် အလုပ်ရှင်များ လုပ်ခ လ စာ ပြဿ နာပြေ လည်မှုရရှိပြီဖြစ်၍ နှစ်လ နီးပါးကြာမြင့်ခဲ့သော အငြင်းပွား မှုများ အဆုံး သတ် သွားပြီဖြစ်သည် ဟု ရန်ကုန်တိုင်း ဒေသကြီး အလုပ် ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေး ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းပြဿနာအား မတ်လ ၃ဝ ရက် နေ့တွင် အဆိုပါ ဌာန၏ ကြပ်မတ်မှုဖြင့် သဘောတူစာချုပ် ချုပ်ဆို နိုင်ခဲ့ခြင်းဖြစ်ပြီး လုပ်သား ၁၉၆၄ ဦးသည် မတ်လ ၃၁ ရက်နေ့ တွင် စတင်၍ ပုံမှန်အလုပ်ချိန် အတိုင်း လုပ်ငန်းခွင်သို့ဝင်ရောက် လုပ်ကိုင်ကြမည် ဖြစ်သည်။ မတ်လ ၃ဝ ရက်နေ့တွင် ၄င်းစက်ရုံမှ မမိုးဝေအပါအဝင် အ လုပ်သမားရှစ်ရာကျော်သည် လုပ်ငန်းခွင်မဝင်ဘဲ စက်ရုံရှေ့တွင် စုဝေးနေကြသဖြင့် လုံခြုံရေးအဖွဲ့မှ တားဆီး ထိန်းသိမ်း ခဲ့ရကြောင်း သိရ သည်။ ယင်းနေ့တွင်ပင် မမိုးဝေအပါ အဝင် ကိုယ်စားလှယ်လောင်း ၄၅ ဦးသည် အလုပ်ရှင်ကိုယ်စားလှယ် အဖွဲ့နှင့် မွန်းလွဲ ၂ နာရီမှ ည ၇ နာရီအထိ ဆွေးနွေး ညှိနှိုင်းခဲ့ပြီး သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ ယင်းသဘောတူညီချက်အရ ၂ဝ၁၂ ဧပြီလမှစ၍ လစာအားပုံမှန် တစ်နာရီ ကျပ် ၁၂ဝ နှုန်း ရက်မှန်ဆုကြေးကျပ် ၇ဝဝဝ နှုန်းဖြင့် တွက်ချက်ပေးမည်ဖြစ်ပြီး တစ်လ လျှင် အချိန်ပို တစ်ရက် ၄ နာရီ နှုန်းဖြင့် ၁၈ ရက် သတ်မှတ်ပေး ရမည်။
၁၈ ရက်ထက် ပိုဆင်းရပါ က ဆင်းရသည့် အချိန်အတိုင်း သတ်မှတ်ပေးရမည် စက်ရုံမှ သတ်မှတ်ပေးသော တစ်လအချိန်ပို ၁၈ ရက်ကို(တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ) နေ့များ တွင် အချိန်ပိုမရှိ၍ စောပြန်ရလျှင် အချိန်ပိုကြေး ထည့်သွင်း တွက်ပေးမည်။ အကြောင်းအမျိုးမျိုး ကြောင့် စက်ရုံမှ နားရက်ပေးပါက အခြေခံလစာနှင့် တာဝန်ကျေကြေး ကျပ် ၄၅ဝ အား ထည့်၍ တွက် ချက်ပေးသွားပါမည်။ (OT) ကြေး ခံစားခွင့် မရှိပါ။ သို့သော် အချိန်ပို (OT) ၁၈ ရက်ပေးရမည်။ အချိန်ပို (OT) ၁၈ ရက် အတွင်း အလုပ်သမား များမှ ပျက်ကွက်ခဲ့လျှင် (OT) အကျိုး ခံစားခွင့် မရှိပါကြောင်း အလုပ်သမားများနှင့် တာင်းဆိုထား သော အခြားအချက် များလည်း ပါဝင်သည်။ လှိုင်သာယာမြို့နယ် စက်မှု ဇုန် ၃၊ ဦးရွှေအိုးလမ်း၊ အမှတ်-၇၉/၈၁ ရှိ တိုင်ရီဖိနပ်စက်ရုံမှ လုပ်သားများ မှာ ဖေဖော်ဝါရီ ၆ ရက် မှစ၍ လုပ်ခ လစာ တိုးမြှင့်တောင်းဆိုပြီး မလိုက်လျောခဲ့မှုကြောင့် အလုပ် မဆင်းဘဲ ဆန္ဒပြုခဲ့ခြင်းများ ဖြစ် ပွားခဲ့သည်။     http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif