http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

တန်ဖိုးနည်းဖုန်းများ မေလ ပထမအပတ် အတွင်း တစ်နိုင်ငံလုံး သုံးစွဲခွင့် ရမည်

မြန်မာ့ ဆက် သွယ် ရေး လုပ်ငန်းမှ ယခုလ ၁၄ ရက်တွင် စတင်ချ ထားပေးသော တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း များမှာ မေလ ပထမအပတ် အတွင်းမှ စပြီး တစ်နိုင်ငံလုံး တွင် သုံးစွဲနိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ယခုလ ၁၄ ၇က်နေ့မှစတင်၍ ကျပ် နှစ်သိန်းဖြင့် ဂျီအက်စ်အမ်မို ဘိုင်းဖုန်းများကို မြန်မာနိုင်ငံပြည် နယ်များတွင် ရောင်းချပေးပြီး ရန် ကုန်နှင့် မန္တလေးမြို့များတွင် နောက် လ ၉ ရက်နေ့ မှ ရောင်းချပေးမည် ဖြစ်သည်ဟု သိရသည်။
ကျန်တိုင်း ဒေသကြီးများတွင်မူ ကျပ်နှစ်သိန်း တန် မိုဘိုင်းဖုန်းများကို မတ်လ ၂၈ ရက်နေ့တွင် ရောင်း ချပေးမည်ဖြစ် သည်ဟု သိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ယခုလ အတွင်းက စတင်ရောင်းချပေးခြင်း ဖြစ်သော်လည်း ပြည်နယ်နှင့် တိုင်း အကုန်လုံးတွင်သုံးစွဲ၍မရနိုင်သေးဘဲ ရန်ကုန်နှင့် မန္တလေးမြို့များသို့ လည်းသယ်ဆောင် အသုံးပြုနိုင် ခြင်း မရှိသေးဟု သိရသည်။
မိုဘိုင်း ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက "နယ်တွေမှာ ချပေးတဲ့ဖုန်းတွေက ရန်ကုန်နဲ့ မန္တလေးမှာသုံးလို့မရဘူး။ အဲဒါကြောင့် အဲဒီကနေ ယူရောင်းလို့ မရဘူး။ ရန်ကုန်နဲ့ မန္တလေးမှာ အရင်ကတည်းက သုံး တဲ့သူများတော့ အဲဒီမှာ ထပ်သုံးရင် လိုင်းကျပ်မှာစိုးလို့ မချပေးသေးတာ ထင်ပါတယ်။
သဘောကတော့ ရန်ကုန်နဲ့ မန္တလေးကို လိုင်းမကျပ် စေချင်တဲ့ သဘောပါပဲ။ ပြီးတော့ နယ်တွေမှာလည်း ရောင်းအားကို တင်ချင်တဲ့သဘောလို့ ထင်ပါ တယ်။ ပြီးတော့ ရန်ကုန်နဲ့ မန္တလေး မှာ ရရင်လည်း ဖုန်းကအခြားနယ် တွေကို သယ်သွားလို့ ရမရဆိုတာ မသိရသေးဘူး။ မေလအတွင်းမှပဲ တစ်နိုင်ငံလုံး သုံးလို့ရမယ်ဆိုတာ သေချာပါတယ်။ ဝယ်သူတွေက တော့ ဝယ်ကြမှာပဲ"ဟု ပြော သည်။
လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ၏ ပြည်နယ်များတွင် ကျပ်နှစ် သိန်းတန် မိုဘိုင်းဖုန်းများကို ရောင်း ချပေးနေပြီး ယင်းဖုန်းများမှာ ချထားပေးသည့် နယ်များတွင် အသုံးပြုနိုင်ပြီး ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးသို့ ယူဆောင်ပြော ဆိုနိုင်ခြင်း မရှိသေးဟု သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် အသုံးပြုမည့်သူတစ်ဦးက " ဧပြီ ၉ ရက်နေ့ ချထားပေးမယ့် အချိန် မှာ ရန်ကုန်နဲ့မန္တလေးမှာပဲ သုံးလို့ရ မယ်။ ကျန်တဲ့နေရာတွေမှာ သယသွားလို့ မရသေးဘူးလို့သိရတယ်။ ကျွန်တော်တို့က ရန်ကုန်မှာပဲ သုံး မှာများပါတယ်။ အဲဒီတော့လည်း ဝယ်ဖြစ်မယ် ထင်ပါတယ်။
မေလ လောက်ဆိုရင်တော့ အကုန်သုံးလို့ ရမယ်လို့ သိရပါတယ်။ သင်္ကြန် မှာ ခရီးသွားချင်တယ်ဆိုရင်တော့ အဆင်ပြေမယ် မထင်ပါဘူး။ ဖုန်း တွေက သယ်သွားလို့ မရဘူးဆို တော့လေ။ ခရီးသွားရင်တော့ ယူ သွားလို့ မရဘူးပေါ့"ဟုပြောသည်။
ဈေးကွက် အတွင်းရှိ မိုဘိုင်း ဖုန်းဆိုင်တစ်ဆိုင်က " ရန်ကုန်မှာ လာမယ့်လ ၉ ရက်နေ့မှာက ဂျီ အက်စ်အမ် စချပေးမယ်ဆိုတော့ ဝယ်မယ့်သူတော့ရှိမှာပါ။WCDMA ထွက်တာလည်း နောက်ကျဦး မယ်။ ပြီးတော့ လူတွေက သင်္ကြန် ဆိုရင် ဆက်သွယ်ရ ခက်တော့ ဖုန်းကိုင်ချင်ကြတယ်လေ။
အဲဒါ ကြောင့် ဝယ်မယ်ထင်ပါတယ်။ နှစ် သိန်းနဲ့ဆိုတော့လည်း ကိုင်ကြမယ် ထင်ပါတယ်" ဟု ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တန်ဖိုးနည်းဖုန်းများ ချထားပေး ရာတွင် ဂျီအက်စ်အမ်မိုဘိုင်း ဖုန်းများကို ကျပ်နှစ်သိန်းဖြင့် ချ ထားပေးပြီး WCDMA မိုဘိုင်းဖုန်း များကိုမူ ကျပ်နှစ်သိန်းခွဲဖြင့် ချထားပေးမည်ဟု သိရသည်။              http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif