သူ့ရဲ့စာနယ်ဇင်း ရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ နိုင်ငံရေးအပေါ် အမြင်မေး ခွန်း ကို ရဲလေးရဲ့ အဖြေက "ကျွန်တော်တို့ ရှေ့မှာ ရှေ့တန်း တင်ဦးဆောင်နေတဲ့ ရုပ်ရှင် ပညာရှင်၊ ဂီတပညာရှင်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့က နားမလည်မကျွမ်းကျင်တော့ သိပ်တော့ မပြောတတ်ဘူး။ ပြည်သူအနေနဲ့ အခန်း ကဏ္ဍက ပါဝင်ဖို့ စိတ်ကူး အမြဲရှိပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာလိုနေတာကLaw တွေ၊ Copy Right တွေလိုနေ တာပါ။ နိုင်ငံတကာမှာဆိုလည်း ဒါတွေနဲ့ ထိန်းချုပ်ထား တာပါ။ ဒါမှ လည်း ကိုယ့်ရဲ့အနုပညာရှင်တွေကို Cover လုပ်နိုင်မှာပါ။ လူတိုင်းလူတိုင်းဟာလည်း ကိုယ်ယုံကြည်ရာ ကို အားကိုးကြတယ်။ ကျွန်တော် ကတော့ အကုန်လုံးကိုအားကိုးတယ်။ ဒါ အမှန်အတိုင်းပြောတာပါ။
ကျွန်တော်အမြဲနှစ်ဖက်ခွကြည့်တယ်။ အမြဲအလယ်အလတ်လမ်းစဉ်ကိုပဲလုပ်တယ်။ ဘုရားဟောထား တဲ့အတိုင်းပဲကြည့်တယ်။ ကျွန်တော်ကတော့ မျက်နှာကြီးရာဟင်းဖတ်ပါတာမျိုး ဘယ်တော့မှမလုပ် ဘူး။ မျှမျှတတပဲ။ ပရိသတ်အတွက်လုပ်ချင်တာလုပ်နေရရင်ပျော်တယ်။ ကျွန်တော် နိုင်ငံရေးမနွယ် တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင်ပါတယ်။ ဆွေးနွေးတိုင်ပင်မှ နိုင်ငံတော်ကြီးက တိုးတက်မှာပါ။ တစ်ယောက်အားနဲ့သွားလို့မရပါဘူး။ အများအားနဲ့ သွားမှရမှာပါ။ ဖြစ်သင့်ဖြစ်ထိုက်တာအားလုံးကို အားပေးပါတယ်။ ကျွန်တော်တို့အနုပညာရှင်တွေကို ပြန်လှည့်ကြည့်လာတဲ့အချိန်ကိုပဲ မျှော်လင့်နေ ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံချမ်းသာမှဝန်ထမ်းချမ်းသာမယ်။ ဝန်ထမ်းချမ်းသာမှအားလုံးအဆင် ပြေမယ်။ ဝန်ထမ်းလစာတိုးတာလည်း ကျွန်တော်တို့သဘောကျပါတယ်။ လစာမြင့်မှ အင်တာတိန်းမန့် မှာအချိန်ပေးပြီး ငွေသုံးလာနိုင်မယ်။ အဲဒါကြောင့် အားလုံးဖြစ်သင့်ပါတယ်"လို့ ရဲလေးက သူ့အမြင်ကို ဆိုသွားပါတယ်။ http://www.yoyarlay.com

0 comments:
Post a Comment