http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

သနပ်ခါး


သနပ်ခါးဒါရိုက်တာ မင်းထင်ကိုကိုကြီး ဒီကားထဲမှာ နေအောင်၊ ရဲတိုက်၊ ဝတ်မှုံ ရွှေရည်၊ မေကဗျာ တို့ကပါ ဝင်ထားတယ်။ ဇာတ်ကား နာမည် ကတော့ သနပ်ခါးလို့ ပေးထား တယ်။ ဇာတ်လမ်း ပုံစံကတော့ ကိုနေအောင် မှာက မွေးစားသား ရဲတိုက် ရှိတယ်။
သူက ဝတ်မှုံရွှေ ရည်ကိုယူထားတယ်။ ရဲတိုက်နဲ့က လည်း ရွယ်တူ ဖြစ်နေတယ်။ ကောင် မလေးကလည်း ငယ်ငယ်လေးနဲ့ အိမ်ထောင် ကျတော့ သူကလည်း လွတ်လပ်ချင်တယ်။
လူငယ်ဖြစ်တဲ့ အတွက် ကဲချင်တယ်။ ရဲတိုက် ကလည်း အဲဒါမျိုးဆို သိပ်မကြိုက် ဘူး။ ပြောချင်တယ်။ မေကဗျာက တော့ ဝတ်မှုံရွှေရည်ရဲ့ အစ်မ ရဲတိုက်နဲ့က ကြိုက်နေတယ်။ နောက်ပိုင်းဇာတ်လမ်းကတော့ ထွက်လာမှပဲကြည့်စေချင်တယ်။
ရဲတိုက်
ဒီကားမှာကတော့ ကိုယ့်လေး လေးဖြစ်တဲ့ ဦးနေအောင်ကို အရမ်း ချစ်တဲ့ညီညီထွေးဆိုတဲ့ ကောင်လေး နေရာက သရုပ်ဆောင်ထားတယ်။ ဦးလေးကိုလည်း ကျေးဇူးရှင် ဆိုပြီး ရိုသေလေးစားတယ်။ သူ့မှာက မိန်းမယူထားတာရှိတယ်။
သူက ကိုယ်နဲ့ရွယ်တူလောက်ပဲ ရှိတယ်။ ကိုယ်ကလည်း သိပ်စည်းကမ်းရှိပြီး အချစ်တစ်ခုကိုမမျိုသိပ်တတ်တဲ့သူ တစ်ယောက်အဖြစ်လုပ်ထားတယ်။ တကယ်တော့ အပြင်မှာလည်းမမျို သိပ်တတ်ပါဘူး။
ရိုတ
ဒီကားမှာ ကျွန်တော်က ပါဝင်ရတာအခမ်းနည်းပါတယ်။ ကျွန် တော်ကလူငယ်ကာရိုက်တာပါပဲ။ ဝတ်မှုံရွှေရည်က ဦးနေအောင်ရဲ့ မိန်းမပေါ့။ ရဲတိုက်ကတော့ ဦး နေအောင်ရဲ့တူ သူတို့အိမ်ကို ကိုယ် ကအဝင်အထွက်ရှိတယ်။ ကိုယ့်ညီ မနဲ့ ကစ်ကစ်ကလည်း သူငယ်ချင်း တွေဖြစ်နေတယ်။ ကစ်ကစ်က လည်း လူငယ်တစ်ယောက်ဆိုတော့ အပြင်ထွက်ချင်တယ်။
ရဲတိုက်က လည်း အိမ်ထောင်သည်ဆိုတာ အဲဒီလိုမလုပ်ရဘူးဆိုပြီး ပြဿနာ တွေတက်တယ်။ သူတို့နှစ်ယောက် ကလည်းမတည့်ဘူး။ သူကလည်း ကိုယ့်ကိုဆိုရင် အထာတွေပေး တယ်။ ယောကျာ်းတစ်ယောက်ကို နင်ကဘာထင်လဲဆိုပြီးရဲတိုက်က ဆူတယ်။ သူကလည်း ကိုယ့်ကိုချစ် နေတယ်လို့ပဲ ကိုယ်ကထင်တယ်။ ကိုယ်ပါဝင်ထားတဲ့အခန်းတွေကို တော့ သေသေချာချာလေးလုပ် ထားတယ်။ ဒါရိုက်တာကလည်း သေချာသင်ပေးတဲ့အတိုင်းလုပ်တဲ့ အတွက်အဆင်ပြေပါတယ်။
ဝတ်မှုံရွှေရည်
ဇာတ်လမ်းက ကိုယ့်အဖေ အရွယ်လောက်ရှိတဲ့ သူတစ်ယောက် ကို ယူထားတယ်။ သူတို့အိမ်ထောင် ရေးမှာ အချစ်လည်း မရှိဘူး။ အဖေ့ရဲ့ စကားကို မလွန်ဆန် နိုင်ဘဲ အဖေ့သူငယ်ချင်းကို ယူလိုက်တယ်။ ကျေးဇူးတွေလည်း ရှိတယ်။
ချစ် လည်းမချစ်ဘဲအိမ်ထောင်တစ်ခုကို ထူထောင်လိုက်တယ်။ ကိုရဲတိုက် ကတော့ ဦးနေအောင်ရဲ့ တူတစ် အိမ်တည်းမှာပဲအတူတူနေကြတယ်။ကိုယ်နဲ့က တည့်လည်းမတည့်ဘူး။ တစ်ဖက်ကလည်း ဦးလေးရဲ့မိန်းမ ဖြစ်နေတယ်။
ရွယ်တူလည်း ဖြစ်နေ တော့ သူကသိပ်မလေးစားချင်ဘူး။ အစပိုင်းမှာ ပြဿနာတွေတောက် လျောက်တက်တယ်။ ရဲတိုက်က လည်းအရမ်းပြောတယ်။ မေကဗျာ ကတော့ ကစ်ကစ်ရဲ့အစ်မနေရာက သရုပ်ဆောင်ထားတယ်။
သူက မန္တလေးမှာနေတယ်။ ညီအစ်မနှစ် ယောက်တည်းရှိတယ်။ ရဲတိုက်က မေကဗျာကိုသဘောကျပြီး လက် ထပ်ခွင့်တောင်းတယ်။ စေ့စပ်မယ် ဆိုတဲ့ အချိန်မှာ မေကဗျာက ငြင်း လိုက်တယ်။
ဘာလို့ငြင်းတာလဲ ဆိုတော့ ကိုယ်ကရဲတိုက်ကိုချစ်နေ တာကိုရိပ်မိသွားလို့ပဲ။ ကိုယ်စိတ် ဆင်းရဲမှာဆိုးလို့လက်မခံတော့တာ။ ကိုယ်ကလည်း ဦးနေအောင်ကို ကွာရှင်းခွင့်တောင်းတယ်။ ဦးနေ အောင်ကလည်း တစ်ချိန်မှာအဲဒီလို ဖြစ်မယ်ဆိုတာကိုသိတယ်။
ဘာလို့ လဲဆိုတာကို သိချင်တယ်ဆိုတော့ ကိုယ်ကရည်းစားရှိနေပြီ။ ညီညီလို့ ပြောလိုက်တဲ့ အချိန်မှာ ဦးနေအောင်က အရမ်းကို တုန်လှုပ်သွားတယ်။ Heart Attack ထိပြီးဆုံး သွားတယ်။ သူ့တူဆိုတာကို သူက မထင်ထားဘူး။ တူဆိုပေမယ့် မွေး စားသားလိုဖြစ်နေတာ။ ကားလေး ကပရိသတ်ကြိုက်မယ်လို့ကစ်ကစ် ထင်ပါတယ်။                       http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif