http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

ပဲခူးကို ပြန်ရောက်ရင် ရွှေမောဓော ဘုရားကြီးကို ရောက်အောင်ဖူးတယ် သူရိယ


ပဲခူးကို ပြန်ရောက်ရင် ရွှေမောဓော ဘုရားကြီးကို ရောက်အောင်ဖူးတယ် သူရိယငယ်စဉ် မွေးဖွားရာ ဇာတိမြို့ ကလေးကို လူတိုင်း ချစ်မြတ်နိုး တွယ်တာ တတ်ကြပါတယ်။ အရွယ် ရောက်လို့ ပညာဆည်းပူးဖို့၊ ဘဝ တိုးတက်ရာ တိုးတက် ကြောင်း ရှာဖွေဖို့ အတွက် မိမိရဲ့ဇာတိမြို့ကို စွန့် ခွာလို့ မြို့ကြီးပြကြီးကို ရောက်လာ ခဲ့တဲ့သူတွေရှိပါတယ်။
ကိုယ့်ရဲ့အိပ်မက် ကိုယ်စီနဲ့ပေါ့။ ဘယ်လိုအချိန် ဘယ်ကာလမှာပဲမဆို ကိုယ့်ရဲ့ဇာတိ မြို့လေးကို လွမ်းတမ်းတစိတ်တော့ ဖြစ်မိ တတ်ကြ ပါတယ်။ မြို့ပြမှာ အလုပ်တွေ မောလို့ စိတ်ကြည်နူး စရာရယ်လို့ ပြန်တွေး မိရင် ကိုယ့် ဇာတိက ငယ်ဘဝတွေဆိုရင် မှား မယ် မထင်ပါဘူး။ အနုပညာရှင် တွေထဲမှာလည်း အနယ်နယ် အရပ် ရပ်ကသူတွေ ရှိပါတယ်။ သူတို့တွေ ရော..
သူတို့ရဲ့ဇာတိမြေကို ဘယ်လို လွမ်းလဲ ဆိုတာ ဒီလိုပဲမေးဖြစ်ခဲ့ သမျှ ဖော်ပြ ပေးလိုက်ပါတယ်။ ကျွန်တော့်ရဲ့ မွေးရပ်မြေဇာတိ က ပဲခူးမြို့ပါ။ ပဲခူးဆိုတော့ ရန်ကုန် နဲ့နီးနီးလေးလေ။ ဒါကြောင့် ဇာတ် ကားရိုက်တဲ့ အချိန်ကလွဲလို့ ကျွန် တော့်ရဲ့ မွေးရပ်မြေဇာတိကို အမြဲ တမ်းပြန်ဖြစ်ပါတယ်။
ငယ်ငယ် တုန်းက ပဲခူးမှာ သူငယ်ချင်းတွေ နဲ့အတူ ဆိုင်ကယ်တွေနဲ့ လျှောက် သွားကြတယ်။ ပဲခူးမှာ ကျွန်တော့် ငယ်ဘဝဖြတ်သန်းမှုက သူငယ်ချင်း တွေနဲ့ အတူကျောင်းတက်ရင်း၊ ဆိုင်ကယ်တွေနဲ့ လျှောက်လည် ကြတယ်။
ပွဲတွေကလည်း ပဲခူးမြို့ မှာ ၂၄ နာရီ ပတ်လုံး ရှိနေတော့ သူ ငယ်ချင်းတွေနဲ့ လျှောက်လည်ဖြစ် ကြတယ်။ ပြပွဲတွေ၊ ပြိုင်ပွဲတွေလည်း ရှိနေတော့ သူငယ်ချင်း တွေနဲ့ သွား ဖြစ်ကြတာလည်းရှိတယ်။
ပဲခူးမှာ ဆယ်တန်းအောင်တဲ့ အထိ နေခဲ့ပါ တယ်။ ရန်ကုန်မြို့ကိုရောက်တော့ ပူလောင်မှုတွေ၊ မာယာများမှုတွေနဲ့ လည်ပတ်ခဲ့ရတယ်။ ပဲခူးမြို့မှာ တော့ မိဘရဲ့ အရိပ် အာဝါသ အောက်မှာ အေးအေးချမ်းချမ်း စိတ်အေးအေးနဲ့ နေရတော့ ငယ် ဘဝရဲ့ ပုံရိပ်တွေကို ပြန်သတိရစေ ပါတယ်။
ပဲခူးသူတွေက ယောကျာ်း နိုင်ကြတယ်။ ဟင်္သာဖိုရဲ့အပေါ်မှာ ဟင်္သာမက တက်နေတာကိုကြည့် ပြီး ပြောကြဆိုကြတာလေ။ အဲဒါကို ပဲခူးသား တစ်ယောက် အနေနဲ့ ပြော ရရင် မဆိုင်ဘူးလို့ထင်တယ်။
ကျွန်တော့် အထင်တော့ ဟင်္သာဖိုက သူချစ်ရတဲ့ ဟင်္သာမအတွက် ငဲ့ညာတယ် လို့ပဲ ထင်ပါတယ်။ ကျွန်တော် ဆယ်တန်းတုန်းက ပဲခူးမြို့မှာဆိုရင် ပဲခူး ရွှေမောဓော ဘုရားပွဲကြီးကို နှစ်တိုင်းသွားတယ်။
ဘုရားပွဲကြီးမှာ ဆိုရင် ဇာတ်တွေ၊ ပြဇာတ်တွေ အစုံကပြတော့ နှစ်တိုင်း ဆိုင်ကယ် တွေနဲ့ သွားဖြစ်ကြတယ်။ ရန်ကုန် ရောက်တော့ ဘုရားပွဲကို သီးသန့် မသွားဖြစ်တော့ဘူး။ ဒါပေမဲ့ ကျွန် တော် ပဲခူးကိုရောက်ရင် ရွှေမော ဓောဘုရားကြီးကို ရောင်အောင် ဖူးဖြစ်တယ်။
နောက်ပြီး ပဲခူးကို ကျွန်တော်ရောက်တာနဲ့ သူငယ်ချင်း တွေ လာနှုတ်ဆက်ကြတော့ ငယ်ငယ်တုန်းက နွေးထွေးမှုကို ပြန်ခံ စားရတယ်။ ပဲခူးမြို့မှာရှိတဲ့ ဆေး ရုံဟောင်း လမ်းက ကျွန်တော့်ရဲ့ အိမ်လေး တည်ရှိရာပေါ့။
ပဲခူးမြို့ကို အမြဲတမ်း သွားဖြစ်တယ်။ ရန်ကုန် ကမောင်းရင် နာရီဝက်လောက်ပဲ မောင်းရတာလေ။ ရန်ကုန်မြို့မှာ တော့ အနုပညာအလုပ်တွေနဲ့ တောက် လျှောက် လုပ်နေ ရပေမယ့် အမြဲတမ်းအိမ်ပြန်ချင်မိတဲ့ စိတ် လေးတွေတော့ ပေါ်ပေါက်ဖူး ပါတယ်။                     http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif