http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

15 Mar 2012

ဘီဘာအိုကို အရင်သတ်မယ်... ပြီးရင် မန်စီးတီးကို ထပ်သတ်မယ် ဆိုတဲ့ ဆာအဲလက်စ်၏ အကြံအစည်များ

မန်ယူနည်းပြ ဆာအဲလက်စ် က ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ဘီဘာအိုအသင်းနှင့် ယူရိုပါလိဂ်ဒုတိယအကျော့ရှုံးထွက်ပွဲစဉ်အား အနိုင်ကစားသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ဖာဂူဆန်၏မန်ယူအသင်းသည် ပြီးခဲ့သည့်အပတ်က အိုးထရက်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် ဘီဘာအိုအသင်းအား (၃-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။

သို့ပါသော်လည်း ဖာဂူဆန်က ဘီဘာအိုနှင့်ပွဲပြီးပါက၊ ပရီးမီးယားပြိုင်ဘက် မန်စီးတီးအသင်းအား ဆက်လက် ဖိအားပေးဖို့ အာရုံစိုက်ထားကြရန် အသင်းသားများအား သတိပေးပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်အပတ်က ၀က်ဘရွမ်းအသင်းအား အနိုင်ရရှိခဲ့ပြီးနောက်၊ အောက်တိုဘာလ (၁၅)ရက်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းအား ကျော်ဖြတ်ကာ၊ အမှတ်ပေးဇယားထိပ်တွင် ဦးဆောင်ခွင့် ရခဲ့သည်။

မန်ယူအသင်းသည် ဖာဂူဆန်နည်းပြသည့် (၂၅)နှစ်အတောအတွင်း၊ အိမ်ကွင်းတွင် ကစားရသည့် ဥရောပပြိုင်ပွဲ ပထမအကျော့ပွဲစဉ်များတွင် ရှုံးနိမ့်သည့်အခါတိုင်း၊ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ချေ။

“ ဘီဘာအိုက အိုးထရက်ဖို့ဒ်ကွင်းမှာ (၃-၂) ဂိုးရလဒ်နဲ့ အနိုင်ရထားတယ်ဆိုတော့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးသာနေပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့အသင်းရဲ့ ဥရောပမှာ အဝေးကွင်းရလဒ်ကောင်းမွန်မှုက ကူညီလိမ့်မယ် ထင်ပါတယ်၊ ကျွနတော်တို့အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်၊ ဒီအချက် က ကျွန်တော်တို့အတွက် အခွင့်အရေးတစ်ခုဖြစ်လာပါလိမ့်မယ်၊ ”

“ ကျွန်တော့်အသင်း နောက်တစ်ဆင့်တက်ရောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ကစားသမားတွေကလည်း ဒီအချက်ကို လက်ခံကြပါတယ်၊ လာမည့်ပွဲမှာ ကျွန်တော်တို့အသင်းဟာ အိုးထရက်ဖို့ဒ်မှာထက် ပိုပြီး ခြေစွမ်းပြကစားသွားမှာပါ၊ ” ဟု ဖာဂီ ကပြောကြားခဲ့သည်။

မန်ယူအသင်းသည် (၂၀၀၁)ခုနှစ်တွင် ဘေယန်မြူးနစ်အသင်းအား အိမ်ကွင်းတွင် (၁-၀) ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော်လည်း ၊ အဝေးကွင်းတွင် (၂-၁)ရလဒ်ဖြင့် ပြန်လည်အနိုင်ယူခဲ့ဖူးသည်။

ထို့အပြင် ပြီးခဲ့သည့်လေးနှစ်က မန်ယူအသင်းသည် အေစီမီလန်အသင်းအား အိမ်ကွင်းတွင်  (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း၊ ဆန်စီရိုတွင် အဆိုပါရလဒ်ဖြင့်ပင် ပြန်လည်အနိုင်ယူနိုင်ခဲ့သည်။

ထို့အပြင် မန်ယူအသင်းအတွက် နိမိတ်ကောင်းတစ်ခုမှာ၊ မန်ယူအသင်းသည် (၁၉၅၆-၅၇)ခုနှစ်၊ ဥရောပဖလား၊ ကွာတားဖိုင်နယ်ပွဲစဉ်တုန်းက ဘီဘာအိုအသင်းအား စပိန်တွင် (၅-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း၊ ဒုတိယအကျော့တွင် (၃-၀) ဂိုးရလဒ်ဖြင့် ပြန်လည်အနိုင်ယူကာ နောက်တစ်ဆင့်တက်နိုင်ခဲ့သည့် မှတ်တမ်းပင်ဖြစ်သည်။

ထို့အပြင်၊ ပထမအကျော့တွင် ၀ိန်းရူနီ၏နာကျင်အချိန်ပိုတွင် ရရှိခဲ့သည့် ပင်နယ်တီဂိုးမှာ မန်ယူအသင်းအား နောက်တစ်ဆင့်တက်နိုင်ဖို့အတွက် အထောက်အကူတစ်ခုလားဆိုသည်ကို အချက်တစ်ချက် အဖြစ် စဉ်းစားစရာဖြစ်နေသည်။

ဆက်လက်ပြီး၊ ဖာဂူဆန်က ပရီးမီးယားချန်ပီယံဆုနှင့်ပတ်သက်ပြီး၊ ရှေ့လျှောက် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရမည့်အနေအထားများအားလည်း  သုံးသပ်ပြောကြားခဲ့သည်။


“ပြီးခဲ့တဲ့ အပတ်က ကျွန်တော်တို့ ဇယားထိပ်ကိုရောက်ရှိခဲ့ပါတယ်၊ အသင်းအနေနဲ့ ရှေ့လျှောက် ခြေချော်လို့ လုံးဝမဖြစ်ပါဘူး၊ ကျွန်တော့်ရဲ့အတွေ့အကြုံအရ မတ်လ ဟာ အရမ်းအရေးကြီးတဲ့ လပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ လက်ရှိအချိန်ကို အကျိုးရှိရှိ အသုံးချတတ်ဖို့လိုပါတယ်၊ အခုချိန်ကစပြီး၊ နောက်ကို လုံးဝပြန်လှည့်မကြည့်ပါနဲ့တော့၊ ရှေ့ကိုဆက်လက်ချီတက်ပြီး၊ လက်ကျန်ပွဲတွေအားလုံးကို အနိုင်ရဖို့အတွက်ပဲ အာရုံစိုက်ရပါမယ် ” ဟု ဖာဂီ က ပြောကြားခဲ့သည်။    http://mutdfan.com/index.php

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif