ဂျပန်နိုင်ငံ အခြေစိုက် Okayama တက္ကသိုလ် က မြန်မာနိုင်ငံ တွင် ဆေးတက္ကသိုလ် တစ်ခု တည်ထောင်ပြီး နိုင်ငံတကာ အဆင့်မီ မြန်မာ ဆရာဝန်များ မွေးထုတ် ကာ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု မြှင့်တင်ရေး ကူညီပေးမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ အခြေစိုက် Yomiuri Shimbun သတင်းစာက မတ်လ ၁၉ ရက်နေ့တွင် သတင်း ရေးသား ဖော်ပြသည်။
Okayama တက္ကသိုလ်သည် အကူအညီ ပေးရေး အတွက် မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပြီး ဆေးတက္ကသိုလ် တည်ဆောက် သွားမည်ဖြစ်ကာ တက္ကသိုလ် အမည်ကို Rinsho ဟု အမည် ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ တက္ကသိုလ်သည် ဆေးကုသရေး ဆိုင်ရာ ဌာနချုပ်တစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းထားပြီး ဆေးတက္ကသိုလ်ကို လာမည့် နှစ်အနည်းငယ် အတွင်း တည်ဆောက် မည်ဟု အဆိုပါ သတင်းအရ သိရှိရသည်။ oyarlay.com/local-news/local-news/edu/24458-2012-03-20-10-48-18

Kuala Lumpur Time

အစ်ကိုရေ သတင်းထူးလေးဘဲ.....ဖေ့စ်ဘုတ်ကို ရှယ်သွားပြီနော်......
ReplyDeleteအမှန်တကယ်လုပ်ဖြစ်ပါစေရှင်
ReplyDeleteဘယ်လိုအကြောင်းကြောင်းနဲ့မှ မပျက်ပါစေနဲ့
အရည်အချင်းရှိတဲ့ ဆရာဝန်တွေ စိတ်ထားမြင့်တဲ့ ဆရာဝန်တွေအများကြီးပေါ်
ထွက်လာပါစေလို့ သတင်းကောင်းလေးအတွက်ကျေးဇူးတင်ပါတယ်