အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပညာရေးကွန်ရက်အနေနဲ့ ပညာရေး ရန်ပုံငွေများအား ပြည်နယ်နဲ့ တိုင်းများရှိ အကူအညီ လိုအပ်နေတဲ့ စာသင်ကျောင်းများအတွက် လှူဒါန်းလျှက်ရှိရာ ပဉ္စမမြောက် လှူဒါန်းမှုအဖြစ် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်ကို တမြို့နယ်လျှင် ကျပ် ဆယ်သိန်းစီနဲ့ လေးမြို့နယ်အတွက် ကျပ် သိန်း လေးဆယ်၊ ဗလာစာအုပ် ဒါဇင် ၅၀၀၊ ဘောလ်ပဲန်နဲ့ ပေတံများကို တာဝန်ရှိသူများ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ထိုသို့ သွားရောက် လှူဒါန်းခဲ့တဲ့ ကျောင်းများကတော့ ဆရာမ ငါးယောက်နဲ့ မူလတန်းကျောင်းသား ၅၆ ယောက်ရှိတဲ့ မိုးကောင်းမြို့နယ်၊ နမ်းနွမ်ကျေးရွာ မူလတန်းကျောင်းခွဲ၊ ကျောင်းသားစုစုပေါင်း ၁၅၃ ယောက်ရှိတဲ့ တနိုင်းမြို့က မူလတန်းကျောင်း လေးကျောင်း၊ ဖားကန့်မြို့ လ၀ါ မူလတန်းကျောင်းကတဆင့် နမ်းနွမ်ကျေးရွာ မူလတန်းကျောင်း ဆောက်လုပ်ရန် ထပ်ဆင့် လှူဒါန်းငွေ ကျပ် ဆယ်သိန်း၊ ဗန်းမော်မြို့နယ်၊ ဆရာမ ၁၄ ယောက်နဲ့ မူလတန်းကျောင်းသား ၁၈၄ ယောက်ရှိ ရွှေပြည်သာကျေးရွာ ချမ်းမြေ့ မဉ္စရီ ဘုန်းတော်ကြီးသင် သီလရှင်ပညာရေးကျောင်းများ ဖြစ်ပါတယ်။ လှူဒါန်း ပေးအပ်ပွဲများကို သက်ဆိုင်ရာကျောင်းများတွင် ပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိပါတယ်။






Kuala Lumpur Time
0 comments:
Post a Comment